YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 15:30-36

တောလည်ရာ 15:30-36 Judson Bible (JBMLE)

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ရဲ​ရင့်​စွာ​ပြစ်​မှား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရို​သေ​ရာ​သို့ ရောက်​သည်​ဖြစ်၍၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပ​ညတ်​တော်​ကို လွန်​ကျူး​သော​ကြောင့်၊ ထို​သူ​ကို ရှင်း​ရှင်း​ပယ်​ရှား​ရ​မည်။ မိ​မိ​အ​ပြစ်​ကို မိ​မိ​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ရှိ​ကြ​သော​အ​ခါ၊ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ထင်း​ခွေ​သော​သူ​တစ်​ယောက်​ကို တွေ့​လေ၏။ တွေ့​သော​သူ​တို့​သည်၊ ထို​သူ​ကို မော​ရှေ၊ အာ​ရုန်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​သို့ ခေါ်​ခဲ့​ကြ၏။ သူ၏​အ​မှု​ကို​စီ​ရင်​ရာ​လမ်း မ​ထင်​ရှား​သေး​သော​ကြောင့် ချုပ်​ထား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တပ်​ပြင်​မှာ သူ့​ကို​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၍၊ ထို​အ​မိန့်​တော်​အ​တိုင်း ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ကြ​သ​ဖြင့် သူ​သည်​အ​သေ​ခံ​ရ၏။

တောလည်ရာ 15:30-36 Common Language Bible (BCL)

တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​ပစ်​ပယ်​၍ ပ​ညတ်​တော် ကို​တ​မင်​သက်​သက်​ချိုး​ဖောက်​သော​ကြောင့် ဖြစ်​သည်။ သူ​သည်​အ​ပြစ်​အ​လျောက်​သေ ဒဏ်​ခံ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော​ကန္တာ​ရ ၌​ရှိ​သော​အ​ခါ တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌​လူ တစ်​ယောက်​ထင်း​ခွေ​လျက်​နေ​သည်​ကို​တွေ့​ရှိ ကြ​သည်။- ထို​သူ​အား​မော​ရှေ၊ အာ​ရုန်​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ခေါ် ဆောင်​ခဲ့​ကြ​သည်။- သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။- ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။

တောလည်ရာ 15:30-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမျိုးသားချင်း​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ အပြစ်​ကို​တမင်တကာ​ပြု​သော​သူ​သည် ထာဝရဘုရား​ကို​စော်ကား​သော​သူ​ဖြစ်၍ ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် ထာဝရဘုရား​၏​စကား​တော်​ကို​မထီမဲ့မြင်ပြု​၍ ပညတ်တော်​ကို ချိုးဖောက်​သောကြောင့် သူ​သည် စင်စစ်​ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​၏​ဒုစရိုက်​သည် သူ့​အပေါ်​၌​တည်​၏​”​ဟု မိန့်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌​ရှိ​နေစဉ် ဥပုသ်နေ့​၌ ထင်းခွေ​နေ​သော​လူ​တစ်​ယောက်​ကို တွေ့​၏​။ ထို​ထင်းခွေ​နေ​သော​သူ​ကို​တွေ့​သော​သူ​တို့​သည် သူ့​ကို မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ ခေါ်ဆောင်​လာ​ခဲ့​ကြ​၏​။ ထို​သူ​အား မည်သို့​စီရင်​ရ​မည်​ကို သေသေချာချာ​မ​သိ​သေး​သောကြောင့် သူ့​ကို အကျဉ်း​ချ​ထား​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ထို​သူ​သည် မုချ​အသတ်​ခံရ​မည်​။ လူထု​အပေါင်း​တို့​သည် ထို​သူ​ကို တပ်စခန်း​၏​အပြင်ဘက်​၌ ခဲ​နှင့်​ပေါက်သတ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လူထု​အပေါင်း​တို့​သည် ထို​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်ဆောင်​သွား​၍ ခဲ​နှင့်​ပေါက်သတ်​ကြ​သဖြင့် သူ​သေ​လေ​၏​။