YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 6:15-19

နေဟမိ 6:15-19 Judson Bible (JBMLE)

အ​ရက် ငါး​ဆယ်​နှစ်​ရက်​ကြာ​မှ ဧ​လု​လ လ​နှစ်​ဆယ်​ငါး​ရက်​နေ့​တွင် မြို့​ရိုး​ကို လက်​စ​သတ်​ကြ၏။ ထို​သ​တင်း​ကို ရန်​သူ​တို့​သည်​ကြား၍၊ ပတ်​လည်​ဝန်း​ကျင်၌ နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို မြင်​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​အ​မှု​သည် ငါ​တို့၏ ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ပြီး​ကြောင်း​ကို ရိပ်​မိ​ကြ၏။ ထို​ကာ​လ​တွင်၊ ယု​ဒ​မှူး​မတ်​တို့​သည် များ​စွာ​သော မေ​တ္တာ​စာ​ကို တော​ဘိ​ထံ​သို့​ပေး​လိုက်၍၊ တော​ဘိ​ပြန်​ပေး​သော စာ​အ​များ​ကို​လည်း ရ​ကြ၏။ တော​ဘိ​သည် အာ​ရာ​သား ရှေ​က​နိ၏​သ​မက် ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊ သူ၏​သား ယော​ဟ​နန်​သည် ဗေ​ရ​ခိ​သား မေ​ရှု​လံ​သ​မီး​နှင့် စုံ​ဖက်​သော​ကြောင့်​လည်း​ကောင်း၊ ယု​ဒ​လူ​အ​များ​တို့​သည် တော​ဘိ​ထံ၌ သ​စ္စာ​ကို​ခံ​ကြ​ပြီ။ သူ​တို့​သည် တော​ဘိ​ပြု​သော​အ​မှု​ကောင်း​တို့​ကို ငါ့​အား​ပြန်​ပြော​ကြ၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား ပြန်​ပြော​ကြ၏။ သူ​သည်​လည်း ငါ​ကြောက်​စေ​ခြင်း​ငှာ စာ​ပေး​လိုက်​လေ၏။

နေဟမိ 6:15-19 Common Language Bible (BCL)

အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။- ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။ ဤ​ကာ​လ​အ​တော​အ​တွင်း​၌​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် တော​ဘိ​နှင့်​စာ အား​ဖြင့်​ဆက်​သွယ်​လျက်​နေ​ခဲ့​ကြ​၏။- သူ​သည်​အာ​ရာ​၏​သား၊ရှေ​က​နိ​၏​သ​မက် ဖြစ်​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​သူ​၏​ဘက်​သို့​ပါ​ကြ​၏။ ထို့ ပြင်​သူ​၏​သား​ယော​ဟ​နန်​သည်​ဗေ​ရ​ခိ ၏​သား၊ မေ​ရှု​လံ​၏​သ​မီး​နှင့်​အိမ်​ထောင် ကျ​၏။- လူ​တို့​သည်​တော​ဘိ​ကောင်း​ကြောင်း​ကို​ငါ့ အား​ပြော​ဆို​တတ်​ကြ​၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား​ပြန်​ပြော​တတ်​ကြ​၏။ တော​ဘိ​သည် ငါ့​ကို​ခြောက်​လှန့်​ရန်​စာ​များ​ကို​ဆက်​လက် ပေး​ပို့​လျက်​နေ​၏။

နေဟမိ 6:15-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ဖြင့် ရက်​ပေါင်း​ငါးဆယ့်​နှစ်​ရက်​အကြာ​၊ ဧလုလ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် မြို့ရိုး​ကို အပြီးသတ်​တည်ဆောက်​နိုင်​ခဲ့​၏​။ ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။ ထို​နေ့ရက်​တို့​၌ ယုဒ​ခေါင်းဆောင်​တို့​သည် တောဘိ​ထံသို့ စာလွှာ​များ​ရေးပို့​၍ တောဘိ​က​လည်း သူ​တို့​ထံ စာပြန်​ခဲ့​၏​။ တောဘိ​သည် အာရာ​၏​သား​ဖြစ်​သော​ရှေခနိ​၏​သမက်​ဖြစ်​သည်​သာမက သူ့​သား​ယေဟောဟနန်​သည် ဗေရခိ​၏​သား​ဖြစ်​သူ​မေရှုလံ​၏​သမီး​နှင့် စုံဖက်​သောကြောင့် ယုဒ​လူ​အများအပြား​တို့​က သူ့​ထံ သစ္စာခံ​ကြ​၏​။ သူ​တို့​က တောဘိ​ကောင်း​ကြောင်း​ကို ငါ့​အား​ပြောပြ​၍ ငါ​ပြော​သော​စကား​တို့​ကို တောဘိ​အား ပြန်ပြော​ကြ​၏​။ ထိုအခါ တောဘိ​သည် ငါ့​အား ခြိမ်းခြောက်​စာ​များ​ကို ပို့​လေ့​ရှိ​၏​။