YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 6:15-19

နေဟမိမှတ်စာ 6:15-19 MSBU

ဤသို့ဖြင့် ရက်​ပေါင်း​ငါးဆယ့်​နှစ်​ရက်​အကြာ​၊ ဧလုလ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် မြို့ရိုး​ကို အပြီးသတ်​တည်ဆောက်​နိုင်​ခဲ့​၏​။ ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။ ထို​နေ့ရက်​တို့​၌ ယုဒ​ခေါင်းဆောင်​တို့​သည် တောဘိ​ထံသို့ စာလွှာ​များ​ရေးပို့​၍ တောဘိ​က​လည်း သူ​တို့​ထံ စာပြန်​ခဲ့​၏​။ တောဘိ​သည် အာရာ​၏​သား​ဖြစ်​သော​ရှေခနိ​၏​သမက်​ဖြစ်​သည်​သာမက သူ့​သား​ယေဟောဟနန်​သည် ဗေရခိ​၏​သား​ဖြစ်​သူ​မေရှုလံ​၏​သမီး​နှင့် စုံဖက်​သောကြောင့် ယုဒ​လူ​အများအပြား​တို့​က သူ့​ထံ သစ္စာခံ​ကြ​၏​။ သူ​တို့​က တောဘိ​ကောင်း​ကြောင်း​ကို ငါ့​အား​ပြောပြ​၍ ငါ​ပြော​သော​စကား​တို့​ကို တောဘိ​အား ပြန်ပြော​ကြ​၏​။ ထိုအခါ တောဘိ​သည် ငါ့​အား ခြိမ်းခြောက်​စာ​များ​ကို ပို့​လေ့​ရှိ​၏​။