YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 1:1-4

နေဟမိ 1:1-4 Judson Bible (JBMLE)

ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊ ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊ သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​သည်​ထိုင်၍ အင်​တန်​ကာ​လ​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​စာ​ရှောင်​လျက်​နေ၍၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဆု​တောင်း​သော​ပ​တ္ထ​နာ ဟူ​မူ​ကား၊

နေဟမိ 1:1-4 Common Language Bible (BCL)

အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။ ပေ​ရ​သိ​ဧ​က​ရာဇ်​အာ​တ​ဇေ​ရဇ် နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်၊ ခိ​သ​လု​ဟု​ခေါ်​သော​လ​၌ ငါ​နေ​ဟ​မိ​သည်​ရှု​ရှန်​မြို့​တော်​တွင်​ရှိ​၏။- ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊- သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည် များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။- ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။ ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊

နေဟမိ 1:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။ အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ် ငါ့​ညီ​တစ်​ဦး​ဖြစ်​သော​ဟာနနိ​နှင့် ယုဒ​လူ​တို့ ရောက်လာ​သဖြင့် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ဂျူး​လူမျိုး​များ​အကြောင်း​၊ ဂျေရုဆလင်​မြို့​အကြောင်း​တို့​ကို မေးမြန်း​ကြည့်​ရာ သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။ ထို​စကား​ကို ငါ​ကြား​လျှင် ရက်​ပေါင်း​များစွာ​ထိုင်​၍​ငိုကြွေး​မြည်တမ်း​လျက်​၊ အစာရှောင်​လျက် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​လျက်​နေ​လေ​၏​။