YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 1:1-11

နေဟမိ 1:1-11 Judson Bible (JBMLE)

ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊ ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊ သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​သည်​ထိုင်၍ အင်​တန်​ကာ​လ​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​စာ​ရှောင်​လျက်​နေ၍၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဆု​တောင်း​သော​ပ​တ္ထ​နာ ဟူ​မူ​ကား၊ အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊ ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​တို့​သည် ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား၍၊ အ​လွန်​ဆိုး​ညစ်​သော အ​မှု​တို့​ကို ပြု​မိ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို မ​စောင့်​ဘဲ​နေ​ပါ​ပြီ။ ကိုယ်​တော်​က၊ သင်​တို့​သည် လွန်​ကျူး​လျှင်၊ သင်​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ကွဲ​ပြား​စေ​မည်။ တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။ ယ​ခု​မှာ၊ ဤ​သူ​တို့​သည် မ​ဟာ​တန်​ခိုး​တော်​နှင့် အား​ကြီး​သော​လက်​တော်​ဖြင့် ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်​ကျွန်၊ ကိုယ်​တော်​လူ​မျိုး ဖြစ်​ကြ​ပါ၏။ အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

နေဟမိ 1:1-11 Common Language Bible (BCL)

အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။ ပေ​ရ​သိ​ဧ​က​ရာဇ်​အာ​တ​ဇေ​ရဇ် နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်၊ ခိ​သ​လု​ဟု​ခေါ်​သော​လ​၌ ငါ​နေ​ဟ​မိ​သည်​ရှု​ရှန်​မြို့​တော်​တွင်​ရှိ​၏။- ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊- သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည် များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။- ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။ ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊- ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။- အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။- အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။- ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။'' ``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။- အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။

နေဟမိ 1:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။ အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ် ငါ့​ညီ​တစ်​ဦး​ဖြစ်​သော​ဟာနနိ​နှင့် ယုဒ​လူ​တို့ ရောက်လာ​သဖြင့် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ဂျူး​လူမျိုး​များ​အကြောင်း​၊ ဂျေရုဆလင်​မြို့​အကြောင်း​တို့​ကို မေးမြန်း​ကြည့်​ရာ သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။ ထို​စကား​ကို ငါ​ကြား​လျှင် ရက်​ပေါင်း​များစွာ​ထိုင်​၍​ငိုကြွေး​မြည်တမ်း​လျက်​၊ အစာရှောင်​လျက် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​လျက်​နေ​လေ​၏​။ ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။ မျက်စိ​ကို​ဖွင့်​၊ နား​ကို​စွင့်​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​အစ္စရေး​လူမျိုး​တို့​အတွက် ရှေ့​တော်​၌ နေ့ညမပြတ်​ဆုတောင်း​ပေး​သော​ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ အစ္စရေး​လူမျိုး​တို့ ကျူးလွန်​မိ​သော​အပြစ်​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ဘိုးဘေး​အမျိုးအနွယ်​တို့ ကျူးလွန်​မိ​သော​အပြစ်​တို့​ကို ဝန်ချတောင်းပန်​ပါ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို မ​လိုက်နာ​ဘဲ ကိုယ်တော့်​ရှေ့မှောက်​တွင် ဆိုးညစ်မိုက်မဲ​သော​အမှု​ကို အကျွန်ုပ်​တို့ ပြု​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​အား ‘​သင်​တို့ သစ္စာမဲ့​လျှင် သင်​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ သို့သော် သင်​တို့​သည် ငါ့​ထံ​ပြန်လာ​၍ ငါ့​ပညတ်​တို့​ကို လိုက်နာ​စောင့်ထိန်း​မည်​ဆို​လျှင် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​သော်လည်း ထို​အရပ်​မှ​ပြန်လည်​စုစည်း​၍ ငါ့​နာမ​တည်​စေရန် ငါ​ရွေးချယ်​ထား​သော​အရပ်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​မည်​’​ဟု ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ အားကြီး​သော​လက်​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​လူမျိုး​တော် ဖြစ်​ပါ​၏​။ အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။