ရှင်မာကု 7:31-37
ရှင်မာကု 7:31-37 Judson Bible (JBMLE)
တစ်ဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။- ထိုအခါ နားပင်း၍ စကားအသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။- ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။- ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညည်းတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလိုသတည်း။- ထိုခဏချင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။- ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှာ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်း ကြားပြောကြ၏။- အတိုင်းထက်အလွန် မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။
ရှင်မာကု 7:31-37 Common Language Bible (BCL)
တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။- လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။- သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။- ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။ ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။- ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။- ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
ရှင်မာကု 7:31-37 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။ ထိုအခါ လူတို့သည် နားမကြား၍ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာပြီး သူ့အပေါ် လက်တော်တင်ပေးပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။ ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။ ထို့နောက် မိုးကောင်းကင်သို့မျှော်ကြည့်လျက် သက်ပြင်းချကာ“ဧဖသ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“ပွင့်စေ”ဟူ၍ ဖြစ်၏။ ထိုခဏချင်းတွင် သူ၏နားသည်ပွင့်၍ သူ၏လျှာကြောပြေလျော့ကာ သူသည် ပီသစွာစကားပြောလေ၏။ ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။ လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။