YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 7:21-23

ရှင်မာကု 7:21-23 Common Language Bible (BCL)

လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊- သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း- အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 7:21-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။ ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ထွက်လာ​၍ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။