YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:30-56

ရှင်မာကု 6:30-56 Judson Bible (JBMLE)

တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။- ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။- သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။- လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့ သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ သူ​တို့၌ စား​စ​ရာ​မ​ရှိ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့၌ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း။ သွား၍ ကြည့်​ရှု​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိ​ပြီး​မှ၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင် ရှိ​ပါ​သည်​ဟု လျှောက်​ပြန်၏။- ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊- ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ တောင်​ပေါ်​သို့ ကြွ​တော်​မူ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် အိုင်​အ​လယ်၌​ရှိ၏။ ကိုယ်​တော်​သည် ကုန်း​ပေါ်မှာ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။ ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့​ရောက်၍ လှေ​ကို ဆိုက်​ကြ၏။- လှေ​မှ​ဆင်း​သော​အ​ခါ လူ​များ​တို့​သည် မျက်​နှာ​တော်​ကို ချက်​ချင်း​မှတ်​မိ​လျှင်၊- ပတ်​ဝန်း​ကျင်​အ​ရပ်၌ ရှိ​သ​မျှ​သို့ ပြေး​သွား၍ မည်​သည်​အ​ရပ်၌ ရှိ​တော်​မူ​သည်​ဟု ကြား​လျှင်၊ ထို​အ​ရပ်​သို့ လူ​နာ​များ​ကို အိပ်​ရာ​နှင့် ဆောင်​ခဲ့​ကြ၏။- မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

ရှင်မာကု 6:30-56 Common Language Bible (BCL)

တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။- များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။ ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။- ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။- မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ဤ​အ​ရပ်​သည်​လူ သူ​မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ အ​ချိန်​လည်း​နှောင်း ပါ​ပြီ။- အ​စား​အ​စာ​ဝယ်​၍​စား​နိုင်​ရန်​လူ​တို့​အား ပတ်​ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့ စေ​လွှတ်​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။- ကိုယ်​တော်​က ``သင်​တို့​ထံ​တွင်​အ​စား​အ​စာ​မည် မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ သူ​တို့​သည်​ကြည့်​၍​တွေ့​သော​အ​ခါ ``မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။- လူ​တို့​သည်​အ​စု​လိုက်​တစ်​ရာ​စီ၊ ငါး​ဆယ်​စီ၊ စီ​တန်း​၍​ထိုင်​ကြ​၏။- ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။- ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။- ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။- မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။ ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။- ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။- ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။- လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။- သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။- ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အိုင်​တစ်​ဖက် သို့​ကူး​ကြ​၏။ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​လျှင် လှေ​ကို​ဆိုက်​ကြ​၏။- သူ​တို့​လှေ​ပေါ်​မှ​ဆင်း​လျှင်​ဆင်း​ချင်း​လူ​တို့ သည် ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့်၊- ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​ပြေး​၍ လူ​နာ​များ ကို​ထမ်း​စင်​များ​နှင့်​ဆောင်​ခဲ့​ကြ​၏။- ကိုယ်​တော်​ကြွ​ရောက်​တော်​မူ​ရာ​မြို့​ရွာ​ဇ​န​ပုဒ် ရှိ​လမ်း​နား​မှာ​လူ​နာ​များ​ကို​ချ​ထား​ကြ​၏။ အ​ဝတ်​တော်​၏​ပန်း​ဖွား​ကို​မျှ လူ​နာ​များ​အား တို့​ထိ​ခွင့်​ပြု​တော်​မူ​ရန်​တောင်း​ပန်​ကြ​၏။ တို့ ထိ​ခွင့်​ရ​သ​မျှ​သော​လူ​နာ​တို့​သည်​ကျန်း​မာ လာ​ကြ​၏။

ရှင်မာကု 6:30-56 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။ သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။ ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။ အချိန်​နောက်ကျ​နေ​ပြီ​ဖြစ်​၍ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း​နောက်ကျ​နေ​ပါ​ပြီ။ လူ​တို့​သည် ဝန်းကျင်​ရှိ​ကျေးလက်​တောရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စား​စရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဒေနာရိ​နှစ်ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါမည်လော”​ဟု ပြန်လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၌ မုန့်​မည်မျှ​ရှိ​သနည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သိရှိ​ပြီးမှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် လူ​အပေါင်း​တို့​ကို စိမ်းလန်း​သော​မြက်​ခင်း​ပေါ်၌ အစုလိုက်​ထိုင်​စေရန် တပည့်​တော်​တို့​အား အမိန့်​ပေး​တော်မူ​၏။ လူ​တို့​သည်​လည်း တစ်ရာ​စီ၊ ငါးဆယ်​စီ အစုလိုက်​ထိုင်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အပေါင်း​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် မုန့်​အကျိုးအပဲ့​နှင့် ငါး​၏​အကြွင်းအကျန်​တို့​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ မုန့်​ကို​စား​သော​ယောက်ျား​ဦးရေ​မှာ ငါးထောင်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူ​တို့​ကို​နှုတ်ဆက်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ လှေ​သည် ပင်လယ်​အလယ်​၌​ရှိ​၏။ ကိုယ်တော်​မူကား ကုန်း​ပေါ်၌ တစ်ပါးတည်း​ရှိ​တော်မူ​၏။ လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်မှတ်​လျက် အော်ဟစ်​ကြ​၏။ သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​တွေ့မြင်​၍ တုန်လှုပ်​ချောက်ချား​ကြ​သောကြောင့်​ဖြစ်​၏။ သို့သော် ကိုယ်တော်​သည် ချက်ချင်း​ပင် သူတို့​နှင့်​စကား​ပြော​လျက်“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​ရှိရာ လှေ​ပေါ်သို့​တက်​တော်မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အလွန်​အမင်း​အံ့သြ​ငေးမော​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​သဖြင့် လှေ​ကို​ဆိုက်ကပ်​ကြ​၏။ လှေ​ပေါ်မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်တော်​ကို​ချက်ချင်း​မှတ်မိ​ကြ​သဖြင့် ထို​အရပ်​ဒေသ​တစ်ဝန်းလုံး​သို့​ပြေး​သွား​ကာ ကိုယ်တော်​ရှိ​တော်မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေရာ​သို့ နာမကျန်း​ဖြစ်​သူ​တို့​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​ကြွ​တော်မူ​သော မြို့​၌​ဖြစ်စေ၊ ကျေးလက်​တောရွာ​၌​ဖြစ်စေ၊ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ ကိုယ်တော်​ကို တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။