YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 5:21-34

ရှင်မာကု 5:21-34 Judson Bible (JBMLE)

ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ကိုယ်​တော်​ကို​မြင်​လျှင်၊ ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏ သ​မီး​ငယ်​သေ​လု​ပါ​ပြီ။- သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။- ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။ ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ စွဲ​သော​ကြောင့်၊- များ​စွာ​သော ဆေး​သ​မား​တို့​လက်၌ အ​လွန်​ခံ​ရ၍၊ ဥ​စ္စာ​ရှိ​သ​မျှ ကုန်​သော်​လည်း သက်​သာ​မ​ရ​သည်​သာ​မ​က၊ အ​နာ​တိုး​သော မိန်း​မ​တစ်​ယောက်​သည်၊- ယေ​ရှု၏​သ​တင်း​တော်​ကို ကြား​သည်​ရှိ​သော်၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။- ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်း​ခြ‌ောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။- ယေ​ရှု​သည် မိ​မိ​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​လျှင် လူ​အ​စု​အ​ဝေး၌ နောက်​သို့​လှည့်၍၊ ငါ့​အ​ဝတ်​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ၏။- တ​ပည့်​တော်​တို့​က၊ လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​အား ထိ​ခိုက်​ကြ​သည်​ကို မြင်​လျက်​ပင်၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်​လည်း၊- ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို မြင်​ခြင်း​ငှာ ပတ်​လည်​သို့ ကြည့်​ရှု​တော်​မူ၏။- ထို​မိန်း​မ​သည် ကိုယ်၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို သိ​သော​ကြောင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် အ​ထံ​တော်​သို့ လာ​ပြီး​လျှင်၊ ပျပ်​ဝပ်၍ ထို​အ​ကြောင်း​ရှိ​သ​မျှ​ကို အ​ဟုတ်​အ​မှန် ကြား​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 5:21-34 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊- ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။- သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။ သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​လျက်​ပြင်း​စွာ​ဝေ​ဒ​နာ​ခံ ခဲ့​ရ​၏။- များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။- သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။- ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။- သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။- အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။ ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 5:21-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ် ယာဣရု​အမည်​ရှိ​သော ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​တစ်​ဦး​သည် ရောက်လာ​၍ ကိုယ်တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ “အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။ ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ များစွာ​သော​ဆေးဆရာ​တို့​ထံ၌ အလွန်​ဝေဒနာ​ခံစား​ရ​လျက် မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သည့်​အကျိုး​မျှ​မ​ရှိ​သည်​သာမက ရောဂါ​ပို၍​ဆိုးရွား​လာ​သော​အမျိုးသမီး​တစ်​ဦး​သည် ယေရှု​အကြောင်း​ကို​ကြား​၍ “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု ဆို​လျက် လူထု​ပရိသတ်​ကြား​မှ ကိုယ်တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်ရုံ​တော်​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်သွား​သဖြင့် သူ​သည် ရောဂါ​ဝေဒနာ​ပျောက်ကင်း​သွား​ကြောင်း မိမိ​ကိုယ်ခန္ဓာ​၌ ခံစား​သိရှိ​ရ​၏။ ယေရှု​သည် မိမိ​ထံမှ​တန်ခိုး​ထွက်​သည်​ကို ချက်ချင်း​သိ​တော်မူ​၍ လူထု​ပရိသတ်​ဘက်​သို့​လှည့်ကြည့်​ကာ“ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ကိုယ်တော်​ကို​တိုးဝှေ့​နေ​ကြ​သည့် လူထု​ပရိသတ်​ကို​မြင်​တော်မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်သူ​တို့ထိ​သနည်း’​ဟူ၍ မေး​တော်မူ​ရ​ပါ​သလော”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထိုသို့​ပြု​သော​သူ​ကို​တွေ့မြင်​ရန် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​၏။ ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌​မည်သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သဖြင့် ကြောက်ရွံ့​တုန်လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ဟုတ်မှန်​သည့်​အတိုင်း အကုန်အစင်​လျှောက်ထား​လေ​၏။ ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​၍ သင်​၏​ရောဂါ​ဝေဒနာ​နှင့်​ကင်းလွတ်​လော့”​ဟု မိန့်​တော်မူ​၏။