ရှင်မာကု 4:3-11
ရှင်မာကု 4:3-11 Judson Bible (JBMLE)
နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။- အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။- အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
ရှင်မာကု 4:3-11 Common Language Bible (BCL)
သို့သွန်သင်ရာတွင်ကိုယ်တော်က ``နားထောင် ကြလော့။ မျိုးကြဲသူတစ်ယောက်သည်မျိုးကြဲ ရန်ထွက်ခွာသွား၏။- မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့် ငှက်တို့သည်လာ၍စားကြ၏။- အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၍ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊- နေပူသောအခါအမြစ်မစွဲသဖြင့်ညှိုးနွမ်း ခြောက်သွေ့လေ၏။- အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။- အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။ လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။- ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။
ရှင်မာကု 4:3-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန်ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည် လာ၍ ၎င်းကိုကောက်စားကြ၏။ အချို့မူကား မြေနည်း၍ ကျောက်ပေါများသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။ သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ အချို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းကို ကာဆီးပိတ်ဆို့ကြသောကြောင့် အသီးမသီးချေ။ အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးထွားကာ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးလေ၏”ဟု မိန့်တော်မူ၏။ ထို့နောက်“ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။