ရှင်မာကု 4:18-19
ရှင်မာကု 4:18-19 Judson Bible (JBMLE)
ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊- လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။
ရှင်မာကု 4:18-19 Common Language Bible (BCL)
အချို့သောသူတို့သည်ဆူးတောမြေတွင်ကျ သည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရားတော် ကိုကြားရကြ၏။- သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။
ရှင်မာကု 4:18-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အချို့တို့မူကား ဆူးပင်တို့တွင် ကြဲခြင်းခံရကြ၏။ ဤသည်ကား တရားစကားကိုကြားသော်လည်း လောကီရေးရာ၌ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်၏လှည့်ဖြားခြင်းနှင့် အခြားသောတပ်မက်ခြင်းများဝင်လာ၍ တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူတို့ကိုဆိုလို၏။