YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:31-35

ရှင်မာကု 3:31-35 Judson Bible (JBMLE)

ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။- ခြံ​ရံ​လျက် ထိုင်​သော​သူ​များ​တို့​က၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် ပြင်​မှာ​ရှိ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၍၊- ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 3:31-35 Common Language Bible (BCL)

ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခြံ​ရံ​လျက် ထိုင်​နေ​ကြ​၏။ သူ​တို့​က ``ကိုယ်​တော်​ရှင်​၏​မယ်​တော်၊ ညီ​တော်​များ​နှင့်​ညီ​မ​များ​အိမ်​အ​ပြင်​တွင်​ရောက် ရှိ​နေ​ကြ​ပါ​သည်။ ကိုယ်​တော်​ရှင်​ကို​ရှာ​လျက်​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား​အ​ဘယ် သူ​များ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။- ထို​နောက်​မိ​မိ​ပတ်​လည်​တွင်​ထိုင်​နေ​သူ​များ​ကို ကြည့်​တော်​မူ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား ဤ​သူ​တို့​တည်း။- ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက် သူ​မှန်​သ​မျှ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့ ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 3:31-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော်​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သနည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။