ရှင်မာကု 3:1-19
ရှင်မာကု 3:1-19 Judson Bible (JBMLE)
တရားဇရပ်သို့ တစ်ဖန် ဝင်တော်မူ၍၊ ထိုဇရပ်၌ လက်တစ်ဖက်သေသောသူ တစ်ယောက်ရှိ၏။- ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။- ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ချင်း တိုင်ပင်ကြ၏။ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။- အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- သတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊- နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှာလည်းကောင်း၊ တစ်ကျိပ်နှစ်ပါးသော သူတည်းဟူသော၊- ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- မိုးကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊- အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊- ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
ရှင်မာကု 3:1-19 Common Language Bible (BCL)
သခင်ယေရှုသည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော်မူပြန်၏။ တရားဇရပ်ထဲတွင် လက်တစ်ဖက်သေသူလူတစ်ယောက်ရှိ၏။- ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။- ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။- ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။ သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။- ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။- ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။ သခင်ယေရှုသည်တပည့်တော်များနှင့်အတူ ဂါလိ လဲအိုင်သို့ကြွတော်မူ၏။ ထိုအခါဂါလိလဲပြည် မှလည်းကောင်း၊ ယေရုရှလင်မြို့နှင့်တကွယုဒ ပြည်၊ ဣဒုမဲပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်း မှလည်းကောင်း၊ တုရုနှင့်ဇိဒုန်မြို့ပတ်ဝန်းကျင် အရပ်များမှလည်းကောင်းများစွာသောလူတို့ သည် ကိုယ်တော်ပြုတော်မူသည့်အမှုအရာများ အကြောင်းကိုကြားသိကြသဖြင့်ကိုယ်တော် နောက်သို့လိုက်ကြကုန်၏။- ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။- ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။- ညစ်ညမ်းသောနတ်များသည်ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်၍ ``အရှင် သည်ဘုရားသခင်၏သားတော်ဖြစ်သည်'' ဟုဟစ်အော်ကြ၏။ ကိုယ်တော်ကမူမိမိမည်သူဖြစ်သည်ကိုထုတ်ဖော် ၍မပြောရန် သူတို့အားကြပ်တည်းစွာပညတ် တော်မူ၏။ ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။- သူတို့သည်အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူပြီးလျှင်တမန်တော်များဟူ၍ သမုတ်တော်မူ၏။ ထိုနောက်သူတို့အား ``ငါသည် သင်တို့ကိုငါ၏အပါးတွင်နေစေလို၍ရွေး ချယ်ခဲ့၏။ တရားဟောထွက်ရန် သင်တို့အားငါ စေလွှတ်မည်။ နတ်မိစ္ဆာများအားနှင်ထုတ်နိုင်သော တန်ခိုးကိုလည်းငါပေးမည်'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ရွေးချယ်ခန့်ထားခြင်းခံရသည့်တစ် ကျိပ်နှစ်ပါးကား (ပေတရုဟုကိုယ်တော်မှည့် ခေါ်သူ) ရှိမုန်၊- (မိုးကြိုး၏သားများဟုအနက်ရှိသောဗောနေ ရဂက်ဟူသောနာမည်ဖြင့် ကိုယ်တော်မှည့်ခေါ်သူ များဖြစ်သည့်) ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊- အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန် နှင့်၊- နောင်အခါကိုယ်တော်ကိုသစ္စာဖောက်သူယုဒ ရှကာရုတ်တို့ဖြစ်၏။
ရှင်မာကု 3:1-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းထဲသို့ တစ်ဖန်ဝင်တော်မူရာ ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၏။ လူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် ဥပုသ်နေ့၌ ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို စောင့်ကြည့်နေကြ၏။ ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား“အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူ၏။ ထို့နောက် လူတို့အား“တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်သလော၊ သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော၊ သို့မဟုတ် သတ်အပ်သလော”ဟု မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ပင်လယ်ဘက်သို့ထွက်ခွာသွားတော်မူရာ ဂါလိလဲနယ်မှ လူအမြောက်အမြားတို့သည် လိုက်လာကြ၏။ ထို့ပြင် ယုဒနယ်၊ ဂျေရုဆလင်မြို့၊ ဣဒုမဲနယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှစ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့ပတ်ဝန်းကျင်မှ လူအမြောက်အမြားတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားသဖြင့် အထံတော်သို့လာကြ၏။ လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။ ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။ ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို ခန့်ထားပြီးလျှင် သူတို့ကို တမန်တော်ဟူ၍ခေါ်ဝေါ်သမုတ်တော်မူ၏။ ဤသည်ကား သူတို့ကို ကိုယ်တော်နှင့်အတူရှိစေရန်နှင့် သူတို့ကိုစေလွှတ်၍ တရားဟောစေကာ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့်အခွင့်အာဏာရှိစေရန်အတွက်ဖြစ်၏။ ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊ မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။