YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 16:9-20

ရှင်မာကု 16:9-20 Judson Bible (JBMLE)

ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။- မာ​ရိ​လည်း​သွား၍ ကိုယ်​တော်​နှင့် ပေါင်း​ဖော်​သော​သူ​တို့​သည် ညည်း​တွား​ငို​ကြွေး​လျက် နေ​ကြ​စဉ်​တွင်၊ သူ​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​လေ၏။- ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။ ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။- သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။ ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊- သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။- ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။- ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။- မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား၍၊ သ​ခင်​ဘု​ရား​သည် မ​စ​တော်​မူ​သည်​နှင့်​လည်း​ကောင်း၊ သူ​တို့၌​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​စေ​တော်​မူ​သည်​နှင့်​လည်း​ကောင်း ခပ်​သိမ်း​သော​အ​ရပ်​တို့၌ တ​ရား​ဟော​ကြ၏။ ရှင်​မာ​ကု​ခ​ရစ်​ဝင်​ပြီး၏။

ရှင်မာကု 16:9-20 Common Language Bible (BCL)

[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။- ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။ ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။- သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။ ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။- ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။- ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။- ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။- မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။- တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။

ရှင်မာကု 16:9-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

[ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။ မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။ သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။ ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။ ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။ ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ယုံကြည်​သော​သူ​တို့​နှင့်အတူ ယှဉ်တွဲ​လျက်​ရှိ​ကြ​မည့်​နိမိတ်​လက္ခဏာ​များ​ဟူမူကား သူ​တို့​သည် ငါ​၏​နာမ​ဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကြ​လိမ့်မည်။ အသစ်​သော​ဘာသာ​စကား​များ​ကို​ပြော​ကြ​လိမ့်မည်။ သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်မည်။ သေ​စေ​တတ်​သော​အဆိပ်​တစ်စုံတစ်ခု​ကို​သောက်​မိ​သော်လည်း သူ​တို့​ကို လုံးဝ​အန္တရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်းမာ​သော​သူ​တို့​အပေါ်​လက်​တင်​သောအခါ ထို​သူ​တို့​သည် ကျန်းမာ​လာ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ နေရာ​အနှံ့​တရားဟော​ကြ​၏။ သခင်​ဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​လုပ်ဆောင်​တော်မူ​၍ နိမိတ်​လက္ခဏာ​များ​ကို​ပူးတွဲ​ပါဝင်​စေ​ခြင်း​အားဖြင့် နှုတ်ကပတ်​တရား​တော်​ကို တည်မြဲ​စေ​တော်မူ​၏။]