YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 16:9-20

ရှင်မာကုခရစ်ဝင် 16:9-20 MSBU

[ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။ မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။ သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။ ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။ ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။ ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ယုံကြည်​သော​သူ​တို့​နှင့်အတူ ယှဉ်တွဲ​လျက်​ရှိ​ကြ​မည့်​နိမိတ်​လက္ခဏာ​များ​ဟူမူကား သူ​တို့​သည် ငါ​၏​နာမ​ဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကြ​လိမ့်မည်။ အသစ်​သော​ဘာသာ​စကား​များ​ကို​ပြော​ကြ​လိမ့်မည်။ သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်မည်။ သေ​စေ​တတ်​သော​အဆိပ်​တစ်စုံတစ်ခု​ကို​သောက်​မိ​သော်လည်း သူ​တို့​ကို လုံးဝ​အန္တရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်းမာ​သော​သူ​တို့​အပေါ်​လက်​တင်​သောအခါ ထို​သူ​တို့​သည် ကျန်းမာ​လာ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ နေရာ​အနှံ့​တရားဟော​ကြ​၏။ သခင်​ဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​လုပ်ဆောင်​တော်မူ​၍ နိမိတ်​လက္ခဏာ​များ​ကို​ပူးတွဲ​ပါဝင်​စေ​ခြင်း​အားဖြင့် နှုတ်ကပတ်​တရား​တော်​ကို တည်မြဲ​စေ​တော်မူ​၏။]