ရှင်မာကု 16:9-14
ရှင်မာကု 16:9-14 Judson Bible (JBMLE)
ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသတင်းကို ကြားပြောလေ၏။- ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။ ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။- သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။ ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
ရှင်မာကု 16:9-14 Common Language Bible (BCL)
[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။- ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။ ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။- သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။ ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။
ရှင်မာကု 16:9-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
[ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။ မာရိသည်လည်း ဝမ်းနည်းကြေကွဲလျက်ငိုကြွေးနေကြသော ကိုယ်တော်နှင့်အတူရှိခဲ့သူများထံသို့သွား၍ ထိုအကြောင်းကိုပြောပြလေ၏။ သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။ ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။ ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။ ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။