YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 16:9-14

ရှင်မာကုခရစ်ဝင် 16:9-14 MSBU

[ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။ မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။ သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။ ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။ ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။

ရှင်မာကုခရစ်ဝင် 16:9-14 အကြောင်း ဗီဒီယိုများ