YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 16:1-16

ရှင်မာကု 16:1-16 Judson Bible (JBMLE)

ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊- ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် နံ​နက်​စော​စော၊ နေ​ထွက်​သော​အ​ချိန်၌ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ထို​မိန်း​မ​တို့​က၊ တွင်း​ဝ၌ ပိတ်​သော​ကျောက်​ကို အ​ဘယ်​သူ​လှိမ့်​လှန်၍ ပေး​မည်​နည်း​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​မှ ကြည့်​ရှု​လျှင်၊ ထို​ကျောက်​သည် လှိမ့်​လှန်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- ထို​ကျောက်​ကား အ​လွန်​ကြီး​သော​ကျောက် ဖြစ်​သ​တည်း။- မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။- ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။- ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။ ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။- မာ​ရိ​လည်း​သွား၍ ကိုယ်​တော်​နှင့် ပေါင်း​ဖော်​သော​သူ​တို့​သည် ညည်း​တွား​ငို​ကြွေး​လျက် နေ​ကြ​စဉ်​တွင်၊ သူ​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​လေ၏။- ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။ ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။- သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။ ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊- သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။- ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။

ရှင်မာကု 16:1-16 Common Language Bible (BCL)

ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။- တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။- လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။- သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။ ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။- သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။ အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။- ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။ ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။- သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။ ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။- ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။- ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။

ရှင်မာကု 16:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဥပုသ်နေ့​လွန်​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​၏​မိခင်​မာရိ​နှင့် ဆလိုမေ​တို့​သည် အလောင်း​တော်​ကို သွား​၍​လိမ်း​ရန် အမွှေးနံ့သာ​ကို ဝယ်ယူ​ကြ​၏။ ထို့နောက် ရက်သတ္တပတ်​၏​ပထမ​နေ့၊ နံနက်​စောစော နေ​ထွက်​ချိန်​၌ သူ​တို့​သည် သင်္ချိုင်း​တော်​သို့​ရောက်လာ​ကြ​၏။ သူ​တို့​က “ငါ​တို့​အတွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်တုံး​ကို မည်သူ​လှိမ့်ဖယ်​ပေး​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် သူ​တို့​မျှော်ကြည့်​ကြ​သောအခါ ကျောက်တုံး​အား လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်တုံး​ကား အလွန်​ကြီးမား​လှ​၏။ ထို့နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ကြ​ရာ ဝတ်လုံ​ဖြူ​ဝတ်ဆင်​သော​လူငယ်​တစ်​ဦး​သည် လက်ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့မြင်​သဖြင့် ထိတ်လန့်​အံ့ဩ​ကြ​၏။ သို့သော် ထို​သူ​က “ထိတ်လန့်​အံ့ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​ကြ​၏။ ကိုယ်တော်​သည်​ထမြောက်​တော်မူ​ပြီ။ ဤ​နေရာ​၌​မ​ရှိ။ အလောင်း​တော်​သွင်းထား​သည့်​နေရာ​ကို​ကြည့်​ကြ​လော့။ သင်​တို့​မူကား သွား​၍ တပည့်​တော်​များ​နှင့် ပေတရု​အား ‘ကိုယ်တော်​သည် သင်​တို့​ကို​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​သည်​တုန်လှုပ်​လျက် မိန်းမော​တွေဝေ​သဖြင့် သင်္ချိုင်း​ဂူ​ထဲမှ​ထွက်လာ​ပြီးလျှင် ထွက်ပြေး​ကြ​၏။ သူ​တို့​သည်​ကြောက်ရွံ့​သောကြောင့် မည်သူ့​ကို​မျှ မည်သည့်​အရာ​မျှ​မ​ပြော​ကြ​ချေ။ [ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။ မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။ သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။ ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။ ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။ ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။