YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:33-41

ရှင်မာကု 15:33-41 Judson Bible (JBMLE)

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- အ​နား၌​ရပ်​နေ​သော သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည်​ဧ​လိ​ယ​ကို ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ၏။ ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။- ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။- မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။

ရှင်မာကု 15:33-41 Common Language Bible (BCL)

မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။- မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။ အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။- လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။- ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။- ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။- သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။

ရှင်မာကု 15:33-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မွန်းတည့်​ချိန်​ရောက်​သောအခါ မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လာ​၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် ထိုသို့​ဖြစ်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​အချိန်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍​ဖြစ်​၏။ အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။ ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။