YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:1-15

ရှင်မာကု 15:1-15 Judson Bible (JBMLE)

နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။- ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် များ​စွာ​သော​အ​ပြစ်​ကို တင်​ကြ၏။- တစ်​ဖန် ပိ​လတ်​မင်း​က၊ သင်​သည် တစ်​ခွန်း​ကို​မျှ​ပြန်၍ မ​ပြော​သ​လော။ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို ကြည့်​ပါ​ဟု မေး​မြန်း​ပြော​ဆို​သော်​လည်း၊- စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​တော်​မ​မူ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​လေ၏။ ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တောင်း​သော သူ​တစ်​ယောက်​ယောက်​ကို လွှတ်​တတ်၏။- ထို​အ​ခါ ပုန်​ကန်၍ လူ​အ​သက်​ကို​သတ်​သော အ​ပြစ်​သင့်​သော ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ပုန်​ကန်​သော အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ အ​ကျဉ်း​ခံ​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အား ပြု​မြဲ​ပြု​ပါ​မည်​အ​ကြောင်း အော်​ဟစ်၍ တောင်း​ပန်​သော​အ​ခါ၊- ပိ​လတ်​မင်း​က၊ သင်​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု ပြန်၍​မေး၏။- အ​ဘယ်​ကြောင့် ဤ​သို့​မေး​သ​နည်း ဟူ​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို သိ၏။- ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​မ​လွှတ်၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လူ​အ​စု​အ​ဝေး​ကို နှိုး​ဆော်​ကြ၏။- တစ်​ဖန်​ပိ​လတ်​မင်း​က၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု သင်​တို့​ခေါ်​ဝေါ်​သော​သူ​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊- ထို​သူ​အ​ပေါင်း​တို့​က၊ သူ့​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု ဟစ်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ အ​ဘယ်​ကြောင့်​နည်း၊ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​တို့​သည် သာ၍ ဟစ်​ကြ၏။- ပိ​လတ်​မင်း​သည်​လည်း လူ​များ​တို့၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လို​ရှိ၍၊ ဗာ​ရ​ဗ္ဗ​ကို သူ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား၊ ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။

ရှင်မာကု 15:1-15 Common Language Bible (BCL)

နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။- ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည်​ကိုယ်​တော်​အ​ပေါ် အ​ပြစ်​များ​စွာ​စွပ်​စွဲ​ကြ​၏။- သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။ ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။- ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊- ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။- ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။- ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။ သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။

ရှင်မာကု 15:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လေ​၏။ ကိုယ်တော်​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ကိုယ်တော်​ကို အမျိုးမျိုး​စွပ်စွဲ​ကြ​၏။ တစ်ဖန် ပိလတ်​မင်း​သည် ကိုယ်တော်​အား “သင်​သည် တစ်စုံတစ်ခုမျှ​မ​ဖြေ​ဘဲ​နေ​သလော။ သင့်​ကို​မည်မျှလောက်​စွပ်စွဲ​နေ​ကြ​သည်​ကို​ကြည့်​ပါ”​ဟု ဆို​၏။ သို့သော် ယေရှု​သည် နောက်ထပ် မည်သည့်​အရာ​ကို​မျှ ပြန်​၍ မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ပိလတ်​မင်း​သည် အံ့ဩ​လေ​၏။ ပိလတ်​မင်း​သည် ပွဲတော်​ကျရောက်​တိုင်း လူ​တို့​တောင်းဆို​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ ထို​အချိန်​တွင် ဆူပူ​အုံကြွ​မှု​ဖြစ်စဉ်​က လူသတ်မှု​ကျူးလွန်​သဖြင့် ဆူပူ​အုံကြွ​သူ​များ​နှင့်အတူ​အကျဉ်းချ​ခံရ​သည့် ဗာရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။ လူထု​ပရိသတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အတိုင်း သူ​တို့​အတွက်​ဆောင်ရွက်​ပေး​ရန် တောင်းဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​တို့​အတွက် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို လွှတ်ပေး​စေ​လို​သလော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။ ထိုသို့​မေး​ခြင်း​မှာ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ခဲ့​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ဗာရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အကြောင်း တောင်းဆို​ကြ​ရန် လူထု​ပရိသတ်​ကို​လှုံ့ဆော်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု တစ်ဖန် မေး​လေ​သော် သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​အပြစ်​ကို​ကျူးလွန်​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​သည် လူထု​ပရိသတ်​ကို​ကျေနပ်​စေ​လို​၍ သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။