YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:41-44

ရှင်မာကု 12:41-44 Judson Bible (JBMLE)

ထို​နောက်​ယေ​ရှု​သည် ဘ​ဏ္ဍာ​တိုက်​ရှေ့​မှာ ထိုင်​တော်​မူ​စဉ်​တွင်၊ လူ​များ​တို့​သည် ကြေး​ငွေ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို ကြည့်​ရှု​တော်​မူ၏။ ငွေ​ရ​တတ်​သော​သူ​အ​များ​တို့​သည် များ​စွာ​သွင်း​ချ​ကြ၏။- ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည် လာ၍ တစ်​ပဲ​လောက်​တန်​သော ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား​ကို သွင်း​ချ၏။- ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍ ငါ​အ​မှန်​ဆို​သည်​ကား၊ ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သော​သူ အ​ပေါင်း​တို့​ထက် ထို​ဆင်း​ရဲ​သား​မု​ဆိုး​မ​သည် သာ၍ သွင်း​ချ​ခဲ့​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား အ​လွန်​ဆင်း​ရဲ​လျက်​ပင်၊ မိ​မိ​အ​သက် မွေး​စ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 12:41-44 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ရှေ့ တွင်​ထိုင်​လျက် ထို​သေတ္တာ​ထဲ​သို့ လူ​တို့​ငွေ​များ ထည့်​ဝင်​လှူ​ဒါန်း​ကြ​သည်​ကို​ကြည့်​ရှု​တော်​မူ​၏။ များ​စွာ​သော​သူ​ဌေး​သူ​ကြွယ်​တို့​သည်​ငွေ အ​မြောက်​အ​မြား​ထည့်​ဝင်​လှူ​ဒါန်း​ကြ​၏။- ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း​လာ ၍ ဆယ်​ပြား​ခန့်​တန်​သော​ကြေး​ပြား​နှစ်​ပြား​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​၏။- ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​ဝင် လှူ​ဒါန်း​ကြ​သော​သူ​အ​ပေါင်း​တို့​ထက် ပို​၍ ထည့်​ဝင်​လှူ​ဒါန်း​လေ​ပြီ​ဟု​သင်​တို့​အား အ​မှန်​အ​ကန်​ငါ​ဆို​၏။- ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​များ​ကို လှူ​ကြ​ပေ​သည်။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပေး​လှူ သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 12:41-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် အလှူခံ​သေတ္တာ​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​တော်မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အလှူခံ​သေတ္တာ​ထဲသို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်ရှု​တော်မူ​၏။ ချမ်းသာ​သော​သူ​များစွာ​တို့​သည် အမြောက်အမြား​ထည့်​ကြ​၏။ ထိုစဉ် ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည် လာ​၍ ကွတ်ရန်တေး​တစ်​ပြား​နှင့်ညီသော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။ ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အလှူခံ​သေတ္တာ​ထဲသို့ ထည့်​သော​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။ အကြောင်းမူကား သူ​တို့​အားလုံး​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သမျှ​သော​အရာ​အားလုံး၊ သူ​၏​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။