YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:1-6

ရှင်မာကု 11:1-6 Judson Bible (JBMLE)

ယေ​ရု​ရှ​လင်​မြို့​နှင့် အ​နီး​သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှ​င့် ဗေ​သ​နိ​ရွာ​သို့ ရောက်​ကြ​သေ​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊- သင်​တို့​ရှေ့၌ ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့​ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ လမ်း၌​တံ​ခါး​ပြင်​မှာ ချည်​ထား​သော မြည်း​က​လေး​ကို တွေ့​ပြီး​လျှင် မြည်း​ကြိုး​ကို ဖြည်​ကြ၏။- ထို​အ​ရပ်၌ ရပ်​နေ​သောသူ​အ​ချို့​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြည်​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​မှာ​ထား​တော်​မူ​သည်​အ​တိုင်း တ​ပည့်​တော်​တို့​သည် ပြန်​ပြော​ပြီး​မှ ထို​သူ​တို့​သည် အ​ခွင့်​ပေး​ကြ၏။

ရှင်မာကု 11:1-6 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။- ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​နှစ်​ယောက် အား ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင် ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး သေး​သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့် မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လံ​ထား​၏။- ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​သွား​၍ မြည်း က​လေး​တစ်​ကောင်​ကို​လမ်း​တွင်​အိမ်​တစ်​အိမ်​၏ တံ​ခါး​အ​နီး​မှာ​လံ​ထား​သည်​ကို​တွေ့​သ​ဖြင့် မြည်း​ကြိုး​ကို​ဖြေ​ကြ​၏။- လမ်း​မှာ​ရပ်​နေ​သူ​အ​ချို့​က ``မြည်း​ကြိုး​ကို အ​ဘယ်​ကြောင့်​ဖြေ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။ တ​ပည့်​တော်​တို့​က​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ပြန်​ပြော​ကြ​သော​အ​ခါ ထို​သူ​တို့ သည်​မြည်း​ကြိုး​ကို​ဖြေ​ခွင့်​ပြု​ကြ​၏။

ရှင်မာကု 11:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် ဂျေရုဆလင်​မြို့​နှင့်​နီးကပ်​လာ​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်လျှင်ဝင်ချင်း​မည်သူ​မျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့် ဤသို့​ပြု​ကြ​သနည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်။ ဤ​နေရာ​သို့ ချက်ချင်း​ပြန်​ပို့ပေး​ပါ​လိမ့်မည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။ ထိုအခါ ထို​နေရာ​၌​ရပ်​နေ​သော​သူ​အချို့​တို့​က “မြည်း​ကလေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သနည်း”​ဟု မေး​ကြ​၏။ သူ​တို့​က​လည်း ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြန်ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်ပြု​ကြ​၏။