YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:46-52

ရှင်မာကု 10:46-52 Judson Bible (JBMLE)

ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​များ​တို့​သည် ငေါက်၍​ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​လေ​သော်၊- ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။- ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။- ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။

ရှင်မာကု 10:46-52 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရိ​ခေါ မြို့​သို့​ရောက်​ကြ​ပြီး​နောက် လူ​ပ​ရိ​သတ်​ကြီး နှင့်​အ​တူ​ထို​မြို့​မှ​ထွက်​ခွာ​ကြ​၏။ ယင်း​သို့ ထွက်​ခွာ​ချိန်​၌​တိ​မဲ​၏​သား​ဗာ​တိ​မဲ​ဆို​သူ မျက်​မ​မြင်​သူ​တောင်း​စား​တစ်​ယောက်​သည် လမ်း​အ​နီး​တွင်​ထိုင်​လျက်​နေ​၏။- သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။ လူ​တို့​က​သူ့​အား​ဆိတ်​ဆိတ်​နေ​ရန်​ငေါက်​ငမ်း ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​သည် ``ဒါ​ဝိဒ် ၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော် မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။ ထို​သူ​သည်​မိ​မိ​၏​ခြုံ​ထည်​ကို​ဘေး​သို့​ပစ်​ချ လိုက်​ပြီး​နောက် ခုန်​၍​ထ​ကာ​သ​ခင်​ယေ​ရှု​ထံ တော်​သို့​လာ​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။ သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။

ရှင်မာကု 10:46-52 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့​ရောက်လာ​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ များစွာ​သော​လူထု​ပရိသတ်​ပါ​လျက် ဂျေရိခေါ​မြို့​မှ​ထွက်ခွာ​တော်မူ​စဉ် တိမဲ​၏​သား ဗာတိမဲ​အမည်ရှိ​သော မျက်မမြင် သူတောင်းစား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။ နာဇရက်​မြို့သား​ယေရှု​ဖြစ်​ကြောင်း သူ​ကြားသိ​လျှင် “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။ လူ​အများ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။ ထိုအခါ ယေရှု​သည်​ရပ်တန့်​လျက်“သူ့​ကို​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်မမြင်​ကို​ခေါ်​၍ “အားမငယ်​နှင့်။ ထ​လော့။ ကိုယ်တော်​သည် သင့်​ကို​ခေါ်​တော်မူ​၏”​ဟု ဆို​ကြ​၏။ သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို ဘေး​သို့​ပစ်ချ​ပြီး ထ​၍ ယေရှု​ထံသို့​လာ​လေ​၏။ ယေရှု​က“သင့်​အတွက် မည်သည့်​အမှု​ကို​ပြု​စေ​လို​သနည်း”​ဟု မေး​တော်မူ​လျှင် မျက်မမြင်​က “ရဗ္ဗုနိ၊ မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သွား​လော့။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ လမ်း​ခရီး​တစ်လျှောက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။