ရှင်မာကု 10:43-45
ရှင်မာကု 10:43-45 Judson Bible (JBMLE)
သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။- သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်မာကု 10:43-45 Common Language Bible (BCL)
သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည် သူတစ်ပါးတို့၏အစေကိုခံရမည်။- အကြီးမြတ်ဆုံးဖြစ်လိုသူသည်လူခပ်သိမ်း တို့၏ကျွန်ဖြစ်ရမည်။- လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏ အစေကို ခံရန်လည်းကောင်း၊ မိမိအသက်ကိုစွန့်၍လူ အမြောက်အမြားအားရွေးနုတ်ရန်လည်း ကောင်းကြွလာသတည်းဟုမိန့်တော်မူ၏။
ရှင်မာကု 10:43-45 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အားလုံး၏အစေအပါးဖြစ်ရမည်။ အကြောင်းမူကား လူ့သားသည်လည်း လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာ၏”ဟု မိန့်တော်မူ၏။