YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:42-45

ရှင်မာကု 10:42-45 Judson Bible (JBMLE)

ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။- သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။- သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 10:42-45 Common Language Bible (BCL)

ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။- သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။- အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။- လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 10:42-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် အားလုံး​၏​အစေအပါး​ဖြစ်​ရ​မည်။ အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။