YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:21-39

ရှင်မာကု 1:21-39 Judson Bible (JBMLE)

က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- ပ​ရိ​သတ်​တို့​သည်​လည်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော​သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊- ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊- ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို တောင့်​မာ​စေ​ပြီး​မှ၊ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ ထွက်​သွား၏။- လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။- သ​တင်း​တော်​သည်​လည်း ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ်​တို့၌ ချက်​ချင်း နှံ့​ပြား​ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။- ရှိ​မုန်၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ၍ တုံး​လုံး​နေ​သည်​အ​ကြောင်း​ကို အ​လျင်​အ​မြန် လျှောက်​ကြ၏။- ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊- တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။- အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​စွဲ​သော​သူ​များ​တို့​ကို သက်​သာ​စေ​တော်​မူ၏။ နတ်​ဆိုး​များ​တို့​ကို​လည်း နှင်​ထုတ်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို သိ​ကြ​သော​ကြောင့်၊ စ​ကား​တစ်​ခွန်း​ကို​မျှ ပြော​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။- ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လိုက်၍​ရှာ​ကြ​သော်၊- ကိုယ်​တော်​ကို​တွေ့​လျှင် လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ရှာ​ကြ​ပါ​သည်​ဟု လျှောက်​ဆို၏။- ကိုယ်​တော်​က​လည်း ငါ​သည် နီး​စပ်​သော​မြို့​ရွာ​တို့၌ တ​ရား​ဟော​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့။ ထို​သို့​အ​လို့​ငှာ ငါ​ကြွ​လာ​ပြီ​ဟု မိန့်​တော်​မူ၍၊- ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။

ရှင်မာကု 1:21-39 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။ ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။- ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။ သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။- ညစ်​ညမ်း​သော​နတ်​သည်​လူ​ကို​ပြင်း​စွာ​တုန်​တက် စေ​ပြီး​လျှင် ကျယ်​စွာ​ဟစ်​အော်​၍​ထွက်​ခွာ​သွား​၏။- လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။- ချက်​ချင်း​ပင်​ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ ပြည်​တစ်​ပြည်​လုံး​ရှိ​ကျေး​လက်​တော​ရွာ​အ​ပေါင်း သို့​ပြန့်​သွား​လေ​သည်။ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​မိန်း​မ​သူ​သည်​အိပ်​ရာ​ပေါ်​တွင် ဖျား​လျက်​ရှိ​၏။ သူ​၏​အ​ကြောင်း​ကို​ကိုယ်​တော်​အား ချက်​ချင်း​ပင်​လျှောက်​ထား​ကြ​၏။- ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။- နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။- တစ်​မြို့​လုံး​မှ​လူ​တို့​သည် အိမ်​တံ​ခါး​ဝ​တွင် လာ​ရောက်​စု​ရုံး​လျက်​ရှိ​နေ​ကြ​၏။- ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။ နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။- ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။- တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``အ​နီး​အ​နား​ရှိ​ရွာ​များ​သို့​သွား​ကြ ကုန်​စို့။ ထို​ရွာ​များ​တွင်​လည်း​ငါ​တ​ရား​ဟော​ရ​မည်။ ထို့​ကြောင့်​ငါ​ကြွ​လာ​ခဲ့​ခြင်း​ဖြစ်​သည်'' ဟု​တ​ပည့် တော်​တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး လှည့်​လည်​တော်​မူ​၍ တ​ရား​ဇ​ရပ်​များ​တွင်​တ​ရား ဟော​တော်​မူ​၏။ ထို့​အ​ပြင်​နတ်​မိစ္ဆာ​များ​ကို​နှင် ထုတ်​တော်​မူ​၏။

ရှင်မာကု 1:21-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထို​အချိန်​၌​ပင် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​က “နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန် ကြွလာ​တော်မူ​သလော။ ကိုယ်တော်​မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်ဟစ်​ပြောဆို​လေ​၏။ ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ​ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။ ထို့နောက် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​၍ ယာကုပ်၊ ယောဟန်​တို့​နှင့်အတူ ရှိမုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့ ချက်ချင်း​သွား​ကြ​၏။ ရှိမုန်​၏​ယောက္ခမ​သည် ဖျားနာ​လျက် လဲလျောင်း​နေ​သဖြင့် လူ​တို့​သည် သူ့​အကြောင်း​ကို ကိုယ်တော်​အား မဆိုင်းမတွ​လျှောက်ထား​ကြ​၏။ ကိုယ်တော်​သည်​ချဉ်းကပ်​၍ ထို​အမျိုးသမီး​၏​လက်​ကို​ကိုင်​လျက် ထူမ​တော်မူ​ရာ သူ​သည်​အဖျား​ပျောက်​သဖြင့် သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။ ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ တစ်မြို့လုံး​သည် အိမ်​တံခါးဝ​တွင် စုဝေး​လာ​ကြ​၏။ ထိုအခါ ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​များစွာ​တို့​ကို ကိုယ်တော်​သည်​ကျန်းမာ​စေ​တော်မူ​ပြီး နတ်ဆိုး​များစွာ​တို့​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​တို့​သည် ကိုယ်တော်​ကို​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​အား​စကားပြော​ခွင့်​ပေး​တော်​မ​မူ။ နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။ ထိုအခါ ရှိမုန်​နှင့်​သူ​၏​အပေါင်းအဖော်​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​၍ ကိုယ်တော်​ကို​တွေ့​လျှင် “လူ​အားလုံး​သည် ကိုယ်တော်​ကို လိုက်ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“အနီးအနား​ရှိ အခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟောပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​လာ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်ဝန်းလုံး​သို့​ကြွ​တော်မူ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက် နတ်ဆိုး​များ​ကို နှင်ထုတ်​တော်မူ​၏။