YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 5:2-5

မိက္ခာ 5:2-5 Judson Bible (JBMLE)

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။ သို့​ဖြစ်၍၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​သည် မ​ဖွား​မီ​တိုင်​အောင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ ကျန်​ကြွင်း​သော ညီ​အစ်​ကို​တို့​သည် မ​ပြောင်း​လဲ​မီ တိုင်​အောင်​လည်း​ကောင်း၊ သူ​တို့​ကို စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။ အာ​ရှု​ရိ​လူ​သည် ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​များ​ကို​နင်း​သော​အ​ခါ၊ သိုး​ထိန်း​ခု​နစ်​ပါး​နှင့် လူ​ကြီး​ရှစ်​ပါး​တို့​သည် ငါ​တို့​တွင် ပေါ်​ထွန်း၍၊

မိက္ခာ 5:2-5 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​မိ​ခင်​သား​ဖွား​သည့်​အ​ချိန်​တိုင် အောင် ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​ကို ရန်​သူ​တို့​၏​လက်​တွင်း​၌​စွန့်​ပစ် ထား​တော်​မူ​လိမ့်​မည်။ ထို​နောက်​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် မိ​မိ​တို့​၏​သား​ချင်း တို့​နှင့်​ပြန်​လည်​ပေါင်း​စည်း​ရ​ကြ​လိမ့် မည်။- ထို​ဘု​ရင်​ကြွ​လာ​သော​အ​ခါ​သူ​သည် ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ရ​သော​အ​စွမ်း​သတ္တိ​နှင့် လည်း​ကောင်း၊ သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​တန်​ခိုး​တော်​နှင့်​လည်း​ကောင်း မိ​မိ​၏​လူ​စု​ကို​အုပ်​စိုး​လိမ့်​မည်။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သူ ၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို​ဝန်​ခံ​ကြ သ​ဖြင့် သူ​၏​လူ​မျိုး​တော်​သည်​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။- တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။

မိက္ခာ 5:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။” သို့သော် သားဖွား​မည့်​မိန်းမ သားဖွား​ပြီး​သည့်​အချိန်​ထိ ကိုယ်တော်​သည် သူ​တို့​ကို ပစ်ထား​လိမ့်မည်​။ ထို့နောက်မှ ကြွင်းကျန်​သော​ညီအစ်ကို​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထံ ပြန်လာ​ကြ​လိမ့်မည်​။ သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။ သူ​သည် ငြိမ်းချမ်း​ခြင်း​အကြောင်း ဖြစ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့ ချီလာ​၍ ငါ​တို့​၏​ခံတပ်​များ​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​ကို တိုက်ခိုက်​မည့် သိုးထိန်း​ခုနစ်​ပါး​၊ မင်းညီမင်းသား​ရှစ်​ပါး​ကို ငါ​တို့​တင်မြှောက်​ကြ​မည်​။