YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:18-34

ရှင်မဿဲ 9:18-34 Judson Bible (JBMLE)

ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။- ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။- ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။- ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။- အ​ရာ​ရှိ​အိမ်​သို့ ရောက်​တော်​မူ၍ တီး​မှုတ်​သော သူ​တို့​နှင့် များ​စွာ​သော​လူ​တို့​သည် အုန်း​အုန်း​သဲ​သဲ ပြု​ကြ​သည်​ကို​မြင်​လျှင်၊- ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။- ထို​လူ​များ​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ အ​တွင်း​သို့​ဝင်၍၊ မိန်း​မ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​သည်​တွင် သူ​သည် ထ​လေ၏။- ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။- ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။- ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။

ရှင်မဿဲ 9:18-34 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ထ​တော်​မူ​၍​ထို သူ​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့ လည်း​လိုက်​သွား​ကြ​၏။ တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊- ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။ သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။- ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။- ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။- ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။- ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။ ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။- နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။

ရှင်မဿဲ 9:18-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အတူတကွ​လိုက်​သွား​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​နေ​သော​အမျိုးသမီး​တစ်​ဦး​သည် “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​ပြီး ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို တို့ထိ​လေ​၏။ ယေရှု​သည် လှည့်ကြည့်​၍ သူ့​ကို​မြင်​တော်မူ​လျှင်“သမီး၊ မစိုးရိမ်​နှင့်။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​အမျိုးသမီး​သည် ကျန်းမာ​လာ​လေ​၏။ ထို့နောက် ယေရှု​သည် ထို​အကြီးအကဲ​၏​အိမ်​သို့​ရောက်​တော်မူ​၍ ပလွေ​မှုတ်​သူ​တို့​နှင့် ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​သော​လူ​အစုအဝေး​တို့​ကို​မြင်​လျှင် “ဖယ်​ကြ​လော့။ မိန်းကလေး​သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် လူ​အစုအဝေး​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးနောက် အထဲသို့​ဝင်​၍ မိန်းကလေး​၏​လက်​ကို​ကိုင်​တော်မူ​ရာ မိန်းကလေး​သည်​ထ​လေ​၏။ ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။ ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။ အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။ ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။ သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။