YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:18-22

ရှင်မဿဲ 8:18-22 Judson Bible (JBMLE)

များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ကမ်း​တစ်​ဖက်​သို့ ကူး​မည့်​အ​ကြောင်း အ​မိန့်​တော်​ရှိ၏။- ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် လာ၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော တ​ပည့်​တော်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 8:18-22 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။- ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။ သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။ အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။ သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 8:18-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိ​သော​လူထု​ပရိသတ်​ကို မြင်​တော်မူ​သောအခါ ပင်လယ်​တစ်ဖက်ကမ်း​သို့​ကူး​သွား​ရန် အမိန့်​ပေး​တော်မူ​၏။ ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ “ဆရာ၊ ဆရာ​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် အခြား​တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ့​နောက်​သို့​လိုက်​လော့။ လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ”​ဟု မိန့်​တော်မူ​၏။