YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:13-29

ရှင်မဿဲ 7:13-29 Judson Bible (JBMLE)

ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။- အ​သက်​ရှင်​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် အ​လွန်​ကျဉ်း​မြောင်း​သည် ဖြစ်၍၊ တွေ့​ဝင်​သော​သူ​တို့​သည် နည်း​ကြ၏။- အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။- ထို​သူ​တို့၏​အ​ကျင့်​ကို ထောက်၍ သူ​တို့၏​သ​ဘော​ကို သိ​ကြ​လိမ့်​မည်။ ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။- ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။- ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး​ကို မ​သီး​နိုင်။- ကောင်း​သော​အ​သီး မ​သီး​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​တတ်၏။- သို့​ဖြစ်​လျှင် ထို​ပ​ရော​ဖက်​တို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။- သ​ခင်၊ သ​ခင်​ဟု ငါ့​ကို​လျှောက်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်၏​အ​လို​ကို ဆောင်​သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။- ထို​နေ့၌​ကား၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အ​ခွင့်​နှင့် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် များ​စွာ​သော တန်​ခိုး​တို့​ကို ပြ​ပါ​ပြီ​မ​ဟုတ်​လော​ဟု အ​များ​သော သူ​တို့​သည် လျှောက်​ကြ​လိမ့်​မည်။- ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သည်​ရှိ​သော်၊ ကျောက်​ပေါ်​မှာ တည်​သော​ကြောင့် မ​ပြို​မ​လဲ​နေ၏။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို​ကြား၍ နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​သည် သဲ​ပေါ်​မှာ အိမ်​ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။- ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​ဟော​တော်​မူ​သည် အ​ဆုံး၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။

ရှင်မဿဲ 7:13-29 Common Language Bible (BCL)

``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။- ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး ပေါက်​သည်​ကျဉ်း​မြောင်း​သော​ကြောင့် ထို​လမ်း​ကို တွေ့​ရှိ​သူ​တို့​သည်​နည်း​ကြ​၏။ ``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။- သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။- အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။- အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​မ​သီး​နိုင်။ အ​ပင်​ညံ့ သည်​လည်း အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။- သို့​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက်​တို့​ကို​သူ​တို့​၏​အ​ပြု အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ``ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ်​သော​သူ​တိုင်း​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင် ဘုံ​ရှင်​ငါ့​အ​ဖ​၏​အ​လို​တော်​အ​တိုင်း​လိုက်​လျှောက် သူ​သာ​လျှင်​ဝင်​ရ​လိမ့်​မည်။- တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ရောက်​သော​အ​ခါ `သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ကြား​ခဲ့ ကြ​သည်​မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခဲ့​ကြ​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​ခဲ့​ကြ သည်​မ​ဟုတ်​ပါ​လော' ဟု​လူ​အ​များ​ပင်​ငါ့​အား ပြော​ကြား​ကြ​လိမ့်​မည်။- ထို​အ​ခါ `ဆိုး​သွမ်း​သူ​တို့၊ သင်​တို့​ကို​အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​သိ။ ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့' ဟု​ထို​သူ​တို့​အား​ငါ​ပြော​မည်။ `ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား​၍ လိုက်​လျှောက်​သူ​သည်​ကျောက်​ပေါ်​တွင်​အိမ်​ဆောက် သည့်​ပ​ညာ​ရှိ​နှင့်​တူ​၏။- မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း​ထို​အိမ်​သည် ကျောက်​ပေါ်​မှာ​တည်​သော​ကြောင့်​မ​ပြို​မ​လဲ​ချေ။- ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား ပြီး​နောက် မ​လိုက်​မ​လျှောက်​သူ​သည်​သဲ​ပေါ်​မှာ အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။- မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။'' သ​ခင်​ယေ​ရှု​ဤ​သို့​ဟော​ပြော​ပြီး​သည့်​အ​ဆုံး​၌ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို လွန်​စွာ​အံ့​သြ​ကြ​ကုန်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​ကျမ်း​တတ် ဆ​ရာ​တို့​ကဲ့​သို့​မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​ကဲ့​သို့​ဟော ပြော​သွန်​သင်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်။

ရှင်မဿဲ 7:13-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကျဉ်း​သော​တံခါး​မှ​ဝင်​ကြ​လော့။ အကြောင်းမူကား ပျက်စီး​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျယ်ဝန်း​၍ လမ်း​သည်​ပြန့်ပြူး​၏။ ထို​တံခါး​မှ​ဝင်​သော​သူ​တို့​သည်​လည်း များပြား​လှ​၏။ အသက်ရှင်​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်းတမ်း​၏။ ထို​တံခါး​ကို​တွေ့ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။ ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။ ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။ ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။ ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။ ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။ သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သော်လည်း ကျောက်​ပေါ်၌​အုတ်မြစ်​ချ​ထား​သောကြောင့် ထို​အိမ်​သည် မ​ပြိုလဲ​ပေ။ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။” ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။