YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:16-24

ရှင်မဿဲ 6:16-24 Judson Bible (JBMLE)

သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ခံ​ရ​ကြ၏။- သင်​သည်​အ​စာ​ရှောင်​သော​အ​ခါ အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ မ​ထင်​ရှား​စေ​ဘဲ၊ မ​ထင်​ရှား​သော အ​ရပ်၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ရှေ့​တော်၌​သာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ခေါင်း​ကို​လိမ်း​ကျံ​လော့။ မျက်​နှာ​ကို​လည်း သစ်​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်​တို့​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ​ပေး​တော်​မူ​လ​တ္တံ့။- သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။- သံ​ချေး၊ ပိုး​ရွ မ​ဖျက်​ဆီး၍ သူ​ခိုး​မ​ထွင်း​မ​ဖောက်၊ မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့၏ စိတ်​နှ​လုံး​ရောက်​တတ်၏။- မျက်​စိ​ကား ကိုယ်၏ ဆီ​မီး​ဖြစ်၏။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​လျှင် တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။- မျက်​စိ​မြှေး​ယှက်​လျှင် တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။ သင်၏ အ​လင်း​သော်​ကား၊ မှောင်​မိုက်​ဖြစ်​လျှင် ထို​အ​မိုက်​သည် အ​လွန်​မိုက်​စွ​တ​ကား။- အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။

ရှင်မဿဲ 6:16-24 Common Language Bible (BCL)

``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။- သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။- သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။- သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။ ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။ ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

ရှင်မဿဲ 6:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် အစာရှောင်​ကြ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မျက်နှာ​ညှိုးငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​အစာရှောင်​နေ​ကြောင်း လူ​တို့​ရှေ့၌​ထင်ရှား​စေရန် မျက်နှာ​ရှုံ့မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သို့သော် သင်​သည် အစာရှောင်​သောအခါ မိမိ​အစာရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့၌​မ​ထင်ရှား​စေ​ဘဲ မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ရှေ့​တော်​၌​သာ ထင်ရှား​စေရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်နှာ​ကို​သစ်​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။ ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။ အကြောင်းမူကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​၏​စိတ်နှလုံး​လည်း ရောက်​တတ်​၏။ မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။ သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။ မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။