YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 5:10-12

ရှင်မဿဲ 5:10-12 Judson Bible (JBMLE)

ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။

ရှင်မဿဲ 5:10-12 Common Language Bible (BCL)

``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။ ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။

ရှင်မဿဲ 5:10-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။