YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 5:1-48

ရှင်မဿဲ 5:1-48 Judson Bible (JBMLE)

ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။- ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်၍ တ​ပည့်​တော်​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​မှာ၊- စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။- သ​နား​စုံ​မက်​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။- သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။- သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။- သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။- ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။- ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​များ​ကို ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။- ထို​ကြောင့် အ​ကြင်​သူ​သည်၊ အ​ငယ်​ဆုံး​သော ပ​ညတ်​တစ်​ခု​ကို ကိုယ်​တိုင်​လွန်​ကျူး၍ သူ​တစ်​ပါး​တို့​အား​လည်း ထို​အ​တူ​သွန်​သင်၏။ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ငယ်​ဆုံး​သော​သူ ဖြစ်​လိမ့်​မည်။ အ​ကြင်​သူ​သည် ကိုယ်​တိုင်​ကျင့်၍ သူ​တစ်​ပါး​တို့​အား​လည်း သွန်​သင်၏။- ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။- လူ​အ​သက်​ကို မ​သတ်​ရ။ သတ်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။- ထို​ကြောင့် သင်​သည် ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​သို့​ဆောင်​ယူ​ခဲ့​လျက် သင်၏​ညီ​အစ်​ကို​သည် သင်၌ အ​ပြစ်​တင်​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​သည်​ဟု အောက်​မေ့​သ​တိ​ရ​လျှင်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ ပူ​ဇော်​သ​ကာ​ကို​ထား၍ သွား​လော့။- ညီ​အစ်​ကို​နှင့် သင့်​တင့်​ပြီး​မှ ပြန်၍ ပူ​ဇော်​သ​ကာ​ကို တင်​လော့။- တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။- သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။- ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။- ထို​နည်း​တူ လက်​ယာ​လက်​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​သာ ပျက်​သော်​သာ၍​ကောင်း၏။- တစ်​ဖန်​တုံ၊ မ​ယား​နှင့်​ကွာ​လို​လျှင် ဖြတ်​စာ​ကို အပ်​ပေး​စေ​ဟူ​သော ပ​ညတ်​စ​ကား​ရှိ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့် ကွာ​သော​သူ​သည် မိ​မိ​မ​ယား​ကို မှား​ယွင်း​စေ၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို ပြစ်​မှား၏။- တစ်​ဖန်​တုံ၊ မ​ဟုတ်​မ​မှန်​ဘဲ​လျက် ကျိန်​ဆို​ခြင်း​ကို မ​ပြု​ရ။ ကျိန်​ဆို​ခြင်း​ကို ပြု​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တည်​စေ​လော့​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ ကျိန်​ဆို​ခြင်း​ကို အ​လျှင်း​မ​ပြု​ရ။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍​မ​ကျိန်​ရ။ ကောင်း​ကင်​ဘုံ​ကား ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ဖြစ်​သ​တည်း။- မြေ​ကြီး​ကို တိုင်​တည်၍​မ​ကျိန်​ရ။ မြေ​ကြီး​ကား ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ ဖြစ်​သ​တည်း။ ယေ​ရု​ရှ​လင်​မြို့​ကို တိုင်​တည်၍ မ​ကျိန်​ရ။ မ​ဟာ​မင်း​ကြီး၏​မြို့​တော် ဖြစ်​သ​တည်း။- ဆံ​ခြည်​တစ်​ပင်​ကို​မျှ ဖြူ​စေ​ခြင်း၊ မည်း​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သော်၊ ကိုယ်​ဦး​ခေါင်း​ကို​တိုင်​တည်၍ မ​ကျိန်​ရ။- သင်၏​စ​ကား​မှာ ဟုတ်​သည်​ကို​အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​လော့။ ဤ​ထက်​လွန်​သော စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့် စပ်​ဆိုင်​ပေ၏။- သူ့​မျက်​စိ​ကို ဖျက်​လျှင် ကိုယ်​မျက်​စိ​ဖျက်​ခြင်း​ကို ခံ​စေ။ သူ့​သွား​ကို​ချိုး​လျှင် ကိုယ်​သွား​ချိုး​ခြင်း​ကို ခံ​စေ​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ နှောင့်​ယှက်​သော​သူ​ကို မ​ဆီး​မ​တား​နှင့်။ သင်၏ ပါး​တစ်​ဖက်​ကို သူ​တစ်​ပါး​ပုတ်​လျှင် ပါး​တစ်​ဖက်​ကို လှည့်၍​ပေး​ဦး​လော့။- သင့်​အင်္ကျီ​ကို ယူ​လို၍ တ​ရား​တွေ့​သော​သူ​အား သင့်​ဝတ်​လုံ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။- အ​ကြင်​သူ​သည် သင့်​ကို အ​နိုင်​ပြု၍ ခ​ရီး​တစ်​တိုင်​သွား​စေ၏။ ထို​သူ​နှင့်​တ​ကွ နှစ်​တိုင်​သွား​ဦး​လော့။- တောင်း​သော​သူ​အား ပေး​လော့။ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​မ​ပယ်​နှင့်။- ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ချစ်​လော့။ ရန်​သူ​ကို မုန်း​လော့​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့ ကြား​ရ​ပြီ။- ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။- သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။- အ​ဆွေ​အ​မျိုး​တို့​အား​သာ လော​က​ဝတ်​ပြု​လျှင် အ​ဘယ်​သို့ ထူး​မြတ်​သ​နည်း။ သာ​သ​နာ​ပ​လူ တို့​ပင် ထို​အ​တူ ပြု​ကြ​သည်​မ​ဟုတ်​လော။- ထို​ကြောင့် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် စုံ​လင်​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​လော့။

ရှင်မဿဲ 5:1-48 Common Language Bible (BCL)

ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြင်​တော် မူ​သ​ဖြင့်​တောင်​ပေါ်​သို့​တက်​တော်​မူ​၏။ ကိုယ်​တော် ထိုင်​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။- ထို​အ​ခါ​ကိုယ်​တော်​သည်​သူ​တို့​အား​အောက် ပါ​အ​တိုင်း​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ``စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။ ``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။ ``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။ ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။ ``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။ ``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။ ``ငြိမ်း​ချမ်း​ရေး​အ​တွက်​ဆောင်​ရွက်​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဟု အ​ခေါ်​ခံ​ရ​ကြ​လတ္တံ့။ ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။ ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။ ``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။ ``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။- ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။- ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။ ``ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​တို့​ကို​ဖျက် သိမ်း​ရန်​ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ဖျက်​သိမ်း ရန်​လာ​သည်​မ​ဟုတ်။ ထို​ကျမ်း​များ​တွင်​ဖော်​ပြ ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​သာ​ငါ​လာ သ​တည်း။- သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။- အ​သေး​ငယ်​ဆုံး​သော​ပ​ညတ်​ကို​ကူး​လွန်​၍ သူ​တစ်​ပါး​တို့​ကူး​လွန်​ရန်​ကို​လည်း​ဟော​ပြော သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​သိမ် ငယ်​ဆုံး​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင်​ပညတ်​တော် များ​ကို​လိုက်​နာ​ကျင့်​သုံး​၍ သူ​တစ်​ပါး​တို့​လိုက်​နာ ကျင့်​သုံး​ရန်​ကို​လည်း​ဟော​ပြော​သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​ကြီး​မြတ်​သူ​ဖြစ်​လိမ့် မည်။- ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​ကျင့် သုံး​ရာ​တွင် သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ် ဆ​ရာ​တို့​ထက်​မ​သာ​လျှင် ကောင်း​ကင်​နိုင်​ငံ​တော် သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ``လူ့​အ​သက်​ကို​မ​သတ်​ရ။ သတ်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက်​သို့​ရောက်​ရ​မည် ဟူ​သော​ပ​ညတ်​ကို​သင်​တို့​ကြား​ရ​လေ​ပြီ။- သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။- သို့​ဖြစ်​၍​သင်​သည်​ယဇ်​ပလ္လင်​တော်​တွင်​ပူ​ဇော် သကာ​ဆက်​သ​မည်​ပြု​စဉ် မိ​မိ​အ​ပေါ်​၌​ညီ​အစ်​ကို တစ်​ဦး​တစ်​ယောက်​၏​မ​ကျေ​နပ်​မှု​ကို​သ​တိ​ရ ခဲ့​သော်၊- ပူ​ဇော်​သကာ​ကို​ထား​ခဲ့​ပြီး​လျှင်​ထို​သူ​၏​ကျေ နပ်​မှု​ကို​ရ​ယူ​လော့။ ထို​နောက်​ပြန်​၍​သင်​၏​ပူ​ဇော် သကာ​ကို​ဆက်​သ​လော့။ ``တစ်​စုံ​တစ်​ယောက်​သည်​ရုံး​တော်​တွင်​သင့်​အား တ​ရား​စွဲ​လျှင်​သူ​နှင့်​အ​တူ​လမ်း​ခ​ရီး​၌​ရှိ​နေ စဉ်​သူ​နှင့်​လျင်​မြန်​စွာ​ပြန်​လည်​သင့်​မြတ်​အောင်​ပြု လော့။ သို့​မ​ပြု​ပါ​မူ​သူ​သည်​သင့်​အား​တ​ရား သူ​ကြီး​၏​လက်​သို့​အပ်​၍ တ​ရား​သူ​ကြီး​သည် လည်း​ထောင်​မှူး​လက်​သို့​အပ်​ပြီး​လျှင်​သင့်​ကို ထောင်​ချ​ထား​လိမ့်​မည်။- ပေး​ဆပ်​ရန်​ရှိ​သော​ငွေ​အ​ကုန်​အ​စင်​မ​ပေး​မ ဆပ်​မ​ချင်း​သင်​သည်​ထောင်​ထဲ​မှ​ထွက်​ရ​လိမ့်​မည် မ​ဟုတ်​ဟု​ငါ​ဆို​၏။ ``သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်​ဟူ​သော​ပ​ညတ် ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။* သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။- သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။ ``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။- သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။ ``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။- သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။- ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။- မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။- သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။ ``မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား​ဟူ သော​ပ​ညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။- သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။- သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။- သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။- တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။ ``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။- သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။- သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။- သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။- ထို​မှ​တစ်​ပါး​လည်း​သင်​တို့​သည်​ညီ​အစ်​ကို​အ​ချင်း ချင်း​နှင့်​သာ​လျှင်​နှုတ်​ဆက်​ကြ​မည်​ဆို​ပါ​က သင်​တို့ ၏​အ​ပြု​အ​မူ​သည်​အ​ဘယ်​သို့​ထူး​ခြား​မှု​ရှိ​နိုင် ပါ​မည်​နည်း။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​များ ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်။- ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။

ရှင်မဿဲ 5:1-48 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် လူထု​ပရိသတ်​များ​ကို​မြင်​သောအခါ တောင်​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ထိုအခါ နှုတ်​တော်​ကို​ဖွင့်​၍ သူ​တို့​အား သွန်သင်​တော်မူ​သည်​မှာ “စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။ နူးညံ့​သိမ်မွေ့​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အမွေ​ဆက်ခံ​ရ​ကြ​လိမ့်မည်။ ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ သနား​ကြင်နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် သနား​ကြင်နာ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။ သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။ သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။ ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။ ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။ ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​ကို ပယ်ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်စုံ​စေရန်​သာ ငါ​လာ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ကောင်းကင်​နှင့်​မြေကြီး​မ​ကွယ်ပျောက်​မီ​တိုင်အောင်၊ အရာ​အားလုံး​မ​ပြည့်စုံ​မချင်း ပညတ်​တရား​ကျမ်း​ထဲမှ အသေးဆုံး​အက္ခရာ​၊ သို့မဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ ထို့ကြောင့် ဤ​ပညတ်​ချက်​များ​ထဲမှ အသေးငယ်ဆုံး​တစ်​ခု​ကို​ဖောက်ဖျက်​၍ သူတစ်ပါး​ကို​လည်း ထိုနည်းတူ​သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ သို့သော် ၎င်း​ကို​ကျင့်သုံး​၍ သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ ကြီးမြတ်​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။ ‘လူ​မ​သတ်​ရ။ မည်သူမဆို လူ​သတ်​လျှင် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။ ထို့ကြောင့် ယဇ်ပလ္လင်​၌ သင်​၏​ပူဇော်သက္ကာ​ကို​ဆက်သ​မည်​ပြု​စဉ် သင်​၏​ညီအစ်ကို​သည် သင့်​အား အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​ကြောင်း သင်​သတိရ​လျှင် သင်​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​တွင်​ထားခဲ့​ပြီး သင်​၏​ညီအစ်ကို​ထံသို့ ဦးစွာ​သွား​၍ သူ​နှင့်​ပြန်လည်​သင့်မြတ်​အောင်​ပြု​လော့။ ထို့နောက်မှ ပြန်လာ​၍ သင်​၏​ပူဇော်သက္ကာ​ကို ဆက်သ​လော့။ သင်​သည် သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်မြတ်​အောင် အလျင်အမြန်​ပြု​လော့။ သို့မဟုတ်​ပါက ထို​တရားစွဲဆို​သူ​သည် သင့်​ကို တရားသူကြီး​ထံ​အပ်​၍ တရားသူကြီး​သည် အစောင့်​တပ်သား​ထံ​အပ်​သဖြင့် သင်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင့်​အား ငါ​အမှန်​ဆို​မည်။ နောက်ဆုံး​ကွတ်ရန်တေး​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်။ ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။ သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်ယာ​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​သို့​မ​လား​ရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ ‘မိမိ​မယား​ကို​ကွာရှင်း​သော​သူ​သည် ထို​မယား​အား ဖြတ်စာ​ကို​ပေး​စေ’ ဟု​လည်း ပြော​ထား​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။ တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။ မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။ သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။ သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။ ‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။ ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။ သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။ ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။