YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28:1-8

ရှင်မဿဲ 28:1-8 Judson Bible (JBMLE)

ဥ​ပုသ်​နေ့​လွန်၍ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် မိုး​လင်း​အံ့​ဆဲ​ဆဲ​အ​ချိန်၌၊ မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော မာ​ရိ​သည် သင်္ချိုင်း​တော်​ကို အ​ကြည့်​အ​ရှု​သွား​ကြ၏။- ထို​အ​ခါ မြေ​ကြီး​သည် ပြင်း​စွာ​လှုပ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဘုံ​မှ ဆင်း​လာ၍၊ တွင်း​ဝ၌​ပိတ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ထို​ကျောက်​ပေါ်​မှာ ထိုင်​နေ၏။- သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။- လူ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်၍ သေ​မ​တတ်​ဖြစ်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။- ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။

ရှင်မဿဲ 28:1-8 Common Language Bible (BCL)

ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။- ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။- သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။- အ​စောင့်​တပ်​သား​များ​သည်​လွန်​စွာ​ကြောက်​လန့် သ​ဖြင့်​တုန်​လှုပ်​ကာ​သေ​သ​ကဲ့​သို့​ဖြစ်​ကြ​၏။ ကောင်း​ကင်​တ​မန်​က​အ​မျိုး​သ​မီး​တို့​အား ``မ ကြောက်​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ အ​သတ်​ခံ​ရ​သည့်​ယေ​ရှု​ကို​သင်​တို့​ရှာ​နေ ကြောင်း​ကို​ငါ​သိ​၏။- ကိုယ်​တော်​သည်​ယ​ခင်​က​မိန့်​တော်​မူ​သည့်​အ​တိုင်း သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ လျောင်း တော်​မူ​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။- တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။

ရှင်မဿဲ 28:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဥပုသ်နေ့​လွန်​ပြီးနောက် ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်​ချိန်​၌ မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​သည် သင်္ချိုင်း​တော်​ကို​သွား​ကြည့်​ကြ​၏။ ထိုစဉ် အလွန်​ပြင်းထန်​သော ငလျင်​လှုပ်​လေ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​ဆင်း​လာ​၍ ကျောက်တုံး​ကို​လှိမ့်ဖယ်​ကာ ၎င်း​အပေါ်၌ ထိုင်​လေ​၏။ သူ​၏​အဆင်း​သဏ္ဌာန်​သည် လျှပ်စီးလက်​သကဲ့သို့​ဖြစ်​ပြီး သူ​၏​အဝတ်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏။ အစောင့်​တို့​သည် ကောင်းကင်တမန်​ကို​ကြောက်ရွံ့​သဖြင့် တုန်လှုပ်​၍ လူသေ​ကဲ့သို့​ဖြစ်​သွား​ကြ​၏။ ထိုအခါ ကောင်းကင်တမန်​က အမျိုးသမီး​တို့​အား “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခြင်း​ခံရ​သော​ယေရှု​ကို ရှာ​နေ​ကြ​သည်​ကို ငါ​သိ​၏။ ကိုယ်တော်​သည် ဤ​နေရာ​၌​မ​ရှိ။ အကြောင်းမူကား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ထမြောက်​တော်မူ​ပြီ။ ကိုယ်တော်​လျောင်း​တော်မူ​ခဲ့​သည့်​နေရာ​ကို လာ​ကြည့်​ကြ​လော့။ ထို့နောက် အလျင်အမြန်​သွား​၍ တပည့်​တော်​တို့​အား ‘ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ။ ကြည့်ရှု​လော့။ ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့။ သင်​တို့​အား ယခု ငါ​ပြော​ပြီ”​ဟု မြွက်ဆို​လေ​၏။ အမျိုးသမီး​တို့​သည် ကြောက်ရွံ့​ကြ​သော်လည်း အလွန်​ဝမ်းမြောက်​လျက် သင်္ချိုင်း​တော်​မှ အလျင်အမြန်​ထွက်သွား​ကြ​ကာ တပည့်​တော်​တို့​အား ပြောပြ​ရန် ပြေး​သွား​ကြ​၏။