ရှင်မဿဲ 27:45-46
ရှင်မဿဲ 27:45-46 Judson Bible (JBMLE)
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။
ရှင်မဿဲ 27:45-46 Common Language Bible (BCL)
မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။- မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။
ရှင်မဿဲ 27:45-46 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။ မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။