YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:32-44

ရှင်မဿဲ 27:32-44 Judson Bible (JBMLE)

သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊- ဆေး​ခါး​နှင့် ရော​သော​ပုံး​ရည်​ကို ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင်၊ မြည်း​စမ်း​တော်​မူ၍ မ​သောက်​ချင်​ဘဲ နေ​လေ၏။- ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။- အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။- ထို​အ​ခါ ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။- ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့်​ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။- ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။- သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။- ထို​နည်း​တူ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​ဓား​ပြ​တို့​သည်​လည်း ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။

ရှင်မဿဲ 27:32-44 Common Language Bible (BCL)

သူ​တို့​သည်​ထွက်​လာ​ကြ​စဉ်​ရှိ​မုန်​နာ​မည်​ရှိ​သူ ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​ကို​တွေ့​သ​ဖြင့် ထို​သူ​အား​အ​တင်း​အ​ကြပ်​ခေါ်​၍​ကိုယ်​တော်​၏ လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​ကြ​၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဋ္ဌိပ္ပါယ်​ရှိ​သော​ဂေါ​လ ဂေါ​သ​နာ​မည်​တွင်​သည့်​အ​ရပ်​သို့​ရောက်​လျှင်၊- သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။- ထို​နောက်​ထိုင်​၍​ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။- ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။- ထို​အ​ချိန်​၌​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော် နှင့်​အ​တူ​လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​က​ဦး​ခေါင်း​ခါ​လျက် ``ဗိ​မာန် တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​တည် ဆောက်​မည့်​သူ၊ သင့်​ကိုယ်​ကို​သင်​ကယ်​တင်​လော့။ သင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် လက်​ဝါး ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့'' ဟု​ကိုယ်​တော်​အား ကဲ့​ရဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​က​လည်း​ပြောင်​လှောင်​ကြ​၏။- ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။- သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။

ရှင်မဿဲ 27:32-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​ထွက်သွား​ကြ​စဉ် ရှိမုန်​အမည်​ရှိ​သော ကုရေနေ​မြို့သား​တစ်​ဦး​ကို​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။ ဤသို့ဖြင့် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်ဝေါ်​သော ဂေါလဂေါသ​အမည်တွင်​သည့်​အရပ်​သို့ ရောက်​ကြ​လျှင် သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။ ထို့နောက် ထို​နေရာ​၌ ထိုင်​လျက် ကိုယ်တော်​ကို စောင့်ကြည့်​ကြ​၏။ ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။ ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပြီး လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်ကား​ပြောဆို​ကြ​၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည်​လည်း ကျမ်းပြု​ဆရာ​များ၊ သက်ကြီးဝါကြီး​များ​နှင့်အတူ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​၍ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။ သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော ဓားပြ​တို့​သည်​လည်း ကိုယ်တော်​ကို ထိုနည်းတူ​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။