YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:57-75

ရှင်မဿဲ 26:57-75 Judson Bible (JBMLE)

ကိုယ်​တော်​ကို ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စည်း​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ဆောင်​သွား​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- မ​မှန်​သော​သက်​သေ​ခံ​အ​များ လာ​သော်​လည်း သက်​သေ​ကို မ​တွေ့​ကြ။ နောက်​ဆုံး၌ မ​မှန်​သော သက်​သေ​ခံ​နှစ်​ယောက်​တို့​သည် လာ၍၊- ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ထ၍၊ သင်​သည် တစ်​ခွန်း​မျှ ပြန်၍​မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့ သက်​သေ​ခံ​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊- ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။- အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။- ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။- အ​ချို့​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်၍၊ အ​ချင်း​ခ​ရစ်​တော်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု လူ​အ​ပေါင်း​တို့​ရှေ့၌ ငြင်း​ခုံ​လေ၏။- ထို​နောက် ပေ​တ​ရု​သည် အိမ်​ဦး​ရှေ့​သို့ ထွက်​ပြီး​မှ အ​ခြား​သော​မိန်း​မ​သည် သူ့​ကို​မြင်၍ ထို​အ​ရပ်၌​ရှိ​သော သူ​တို့​အား၊ ဤ​သူ​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ကျိန်​ဆို​လျက် တစ်​ဖန် ငြင်း​ခုံ​ပြန်၏။- ထို​နောက် များ​မ​ကြာ ထို​အ​ရပ်၌​ရပ်​နေ​သော သူ​တို့​သည် ပေ​တ​ရု​အ​နီး​သို့ လာ၍၊ အ​ကယ်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ဝင် ဖြစ်၏။ သင့်​စ​ကား​သည် သင့်​အ​ကြောင်း​ကို ထင်​ရှား​စေ၏​ဟု ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

ရှင်မဿဲ 26:57-75 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။- သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊- ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။- အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊- ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။ သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။- အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။- ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။

ရှင်မဿဲ 26:57-75 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ များစွာ​လာ​ကြ​သော်လည်း မည်သည့်​အထောက်အထား​မျှ​မ​တွေ့​ရ​ကြ။ နောက်ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍ “ဤ​သူ​က ‘ငါ​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း ပြန်လည်​တည်ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ၍ ထွက်ဆို​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်​၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ကိုယ်တော်​အား​မေး​လေ​၏။ သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။ ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေဒဏ်​ခံထိုက်​၏”​ဟု ပြန်ပြော​ကြ​၏။ ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက် “အချင်း​ခရစ်တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ ပေတရု​မူကား အိမ်​အပြင် ခြံဝင်း​အတွင်း​၌ ထိုင်​နေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု အားလုံး​ရှေ့​တွင် ငြင်းဆို​လေ​၏။ ထို့နောက် ဝင်း​တံခါး​ဘက်​သို့​ထွက်သွား​ရာ အခြား​အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သဖြင့် ထို​နေရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ ပေတရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်ဖန်​ကျိန်တွယ်​လျက် ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။ ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။