YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:42-45

ရှင်မဿဲ 25:42-45 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည်​မ​ကျွေး၊ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​မ​ပေး။- ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို​မ​ပြု။ ငါ​သည် အ​ဝတ်​အ​ချည်း​စည်း ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့်​မ​ဖုံး​မ​လွှမ်း။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ၌​လည်း​ကောင်း၊ ထောင်​ထဲ​မှာ​နေ​ရ​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​သည် မ​ကြည့်​ရှု​မ​ပြု​စု​ကြ​ဟု မိန့်​တော်​မူ​လျှင်၊- ထို​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည်​ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း ရှိ​တော်​မူ​ခြင်း၊ အ​နာ​စွဲ​တော်​မူ​ခြင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​ခြင်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ခါ၌​မြင်၍ ကိုယ်​တော်​ကို မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ နေ​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊- မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။

ရှင်မဿဲ 25:42-45 Common Language Bible (BCL)

ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က​သင်​တို့​သည် ငါ့​ကို​မ​ကျွေး​မ​မွေး​ကြ။ ငါ​ရေ​ငတ်​စဉ်​အ​ခါ က​သောက်​ရေ​ကို​မ​ပေး​ကြ။- ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ်​အ​ခါ​က​ဧည့်​သည်​ဝတ် ကို​မ​ပြု​ကြ။ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စဉ်​အ​ခါ​က​အ​ဝတ်​ဝတ်​ဆင်​မ​ပေး​ကြ။ ငါ​ဖျား နာ​စဉ်​အ​ခါ​က​လည်း​ကောင်း၊ ထောင်​ကျ​စဉ်​အ​ခါ က​လည်း​ကောင်း​သင်​တို့​သည်​ငါ့​ထံ​ကို​မ​လာ​ကြ' ဟု​မိန့်​တော်​မူ​၏။ ``ထို​သူ​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည် ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော် မူ​ခြင်း၊ ဖျား​နာ​တော်​မူ​ခြင်း၊ ထောင်​ကျ​တော်​မူ​ခြင်း တို့​ကို​အ​ဘယ်​အ​ခါ​၌​အ​ကျွန်ုပ်​တို့​မြင်​ရ​ပါ​လျက် ကိုယ်​တော်​အား​မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ​နေ​ခဲ့​ပါ သ​နည်း' ဟု​လျှောက်​ထား​ကြ​ပေ​အံ့။- ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။

ရှင်မဿဲ 25:42-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​မ​ပေး​ကြ။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​မ​ပေး​ကြ။ ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ခြင်း​မ​ရှိ​ကြ။ ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​မ​ပေး​ကြ။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ​နှင့် ထောင်​ကျ​သောအခါ​တွင်​လည်း သင်​တို့​သည် ငါ့​ကို​မ​ကြည့်ရှု​ကြ’​ဟု မိန့်​တော်မူ​လိမ့်မည်။ ထိုအခါ သူ​တို့​သည်​လည်း ‘သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သည့်​အခါ​တွင် ကိုယ်တော်​ဆာလောင်​တော်မူ​သည်​ကို​လည်းကောင်း၊ ရေငတ်​တော်မူ​သည်​ကို​လည်းကောင်း၊ သူစိမ်း​ဧည့်သည်​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ နာမကျန်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ ထောင်​ကျ​တော်မူ​သည်​ကို​လည်းကောင်း မြင်​၍ ကိုယ်တော်​ကို​မ​လုပ်ကျွေး​မ​ပြုစု​ဘဲ​နေ​ကြ​သနည်း’​ဟု ပြန်​လျှောက်​ကြ​လိမ့်မည်။ မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။