YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 23:27-39

ရှင်မဿဲ 23:27-39 Judson Bible (JBMLE)

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။- ထို​အ​တူ သင်​တို့​သည်​အ​ပြင်၌ လူ​တို့​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ရှိ၏။ အ​တွင်း၌​ကား လျှို့​ဝှက်​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ​ကြ၏။- လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​မှ​စ၍ ဖြောင့်​မတ်​သော​သူ​တို့၏ သင်္ချိုင်း​တွင်း​နှင့် အ​ရိုး​အိုး​တို့​ကို တည်​လုပ်၍ တန်​ဆာ​ဆင်​သ​ဖြင့်၊- ငါ​တို့​သည် ဘိုး​ဘေး​တို့​လက်​ထက်၌​ရှိ​လျှင်၊ ပ​ရော​ဖက်​တို့​ကို သတ်​သည်​အ​မှု​ကို လက်​မ​ခံ​ပြီ​ဟု ဆို​ကြ၏။- ထို​သို့​ဆို​သော်၊ သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို သတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​ဖြစ်​သည်​ကို ကိုယ်​အ​ဖို့ ကိုယ်​သက်​သေ​ခံ​ကြ၏။- သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။- မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။- ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။- အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။- သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။- ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 23:27-39 Common Language Bible (BCL)

``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။- ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။'' ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပ​ရော​ဖက်​များ​၏​သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက် ပေး​ကြ​၏။ သူ​တော်​ကောင်း​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို မွမ်း​မံ​ခြယ်​လှယ်​ပေး​ကြ​၏။- ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။- သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။- အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။- သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။- ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။- ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။'' ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။- ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။- `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။

ရှင်မဿဲ 23:27-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထုံးဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အပြင်​ဘက်​၌ တင့်တယ်​စွာ​ထင်ရှား​သော်လည်း အတွင်း​၌​ကား လူသေ​တို့​၏​အရိုး​များ​နှင့် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း အပြင်​ဘက်​၌ လူ​တို့​ရှေ့တွင် ဖြောင့်မတ်​ဟန်​ရှိ​ကြ​သော်လည်း အတွင်း​၌​ကား သူတော်ကောင်း​ယောင်ဆောင်​ခြင်း​နှင့် တရားမဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပရောဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်ဆောက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်ဆာဆင်​ကာ ‘ငါ​တို့​သည် ငါ​တို့​၏​ဘိုးဘေး​များ​လက်ထက်​၌​ရှိ​ခဲ့​လျှင် ပရောဖက်​တို့​ကို သတ်ဖြတ်​သော​သူ​တို့​၏​အပေါင်းအဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် ပရောဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အမျိုးအနွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သက်သေခံ​ကြ​၏။ သင်​တို့​သည်​လည်း သင်​တို့​ဘိုးဘေး​များ​၏​အပြစ်​ပမာဏ​ကို​ပြည့်​အောင် ဖြည့်စွက်​ကြ​လော့။ အချင်း​မြွေ​တို့၊ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် ငရဲ​၌​အပြစ်​စီရင်​ခံရ​ခြင်း​မှ မည်ကဲ့သို့​လွတ်မြောက်​နိုင်​ကြ​မည်နည်း။ ထို့ကြောင့် ငါ​သည် ပရောဖက်​များ၊ ပညာရှိ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ ထိုအခါ သင်​တို့​သည် သူ​တို့​ထဲမှ အချို့​တို့​ကို​သတ်​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လိမ့်မည်​။ အချို့​တို့​ကို သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဒဏ်ခတ်​ရိုက်နှက်​ပြီး တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်လံ​ညှဉ်းဆဲ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အရာ​အားလုံး​တို့​သည် ဤ​မျိုးဆက်​အပေါ် ကျရောက်​လိမ့်မည်။ အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။ ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​အဖြစ် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’ဟု သင်​တို့​မ​ပြော​မီ​တိုင်အောင် ယခု​မှစ၍ သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။