YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 23:25-28

ရှင်မဿဲ 23:25-28 Judson Bible (JBMLE)

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌ ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။- မျက်​စိ​ကန်း​သော ဖာ​ရိ​ရှဲ၊ ဖ​လား၊ လင်​ပန်း​ကို အ​တွင်း၌ ရှေ့​ဦး​စွာ ဆေး​ကြော​လော့။ သို့​ပြု​လျှင် အ​ပြင်​ကား သန့်​ရှင်း​လိမ့်​မည်။- လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။- ထို​အ​တူ သင်​တို့​သည်​အ​ပြင်၌ လူ​တို့​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ရှိ၏။ အ​တွင်း၌​ကား လျှို့​ဝှက်​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ​ကြ၏။

ရှင်မဿဲ 23:25-28 Common Language Bible (BCL)

``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။- မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။'' ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။- ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။''

ရှင်မဿဲ 23:25-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ခွက်​နှင့်​ပန်းကန်​တို့​၏​အပြင်​ဘက်​ကို စင်ကြယ်​စေ​ကြ​သော်လည်း အတွင်း​၌​ကား မတရား​လုယူ​ခြင်း​နှင့် ကိုယ့်​အလိုသို့လိုက်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ မျက်စိ​မ​မြင်​သော​ဖာရိရှဲ​တို့၊ ခွက်​၏​အတွင်း​ဘက်​ကို ဦးစွာ​စင်ကြယ်​စေ​ကြ​လော့။ ထိုသို့ပြုလျှင် ၎င်း​၏​အပြင်​ဘက်​လည်း စင်ကြယ်​လာ​လိမ့်မည်။ သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထုံးဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အပြင်​ဘက်​၌ တင့်တယ်​စွာ​ထင်ရှား​သော်လည်း အတွင်း​၌​ကား လူသေ​တို့​၏​အရိုး​များ​နှင့် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း အပြင်​ဘက်​၌ လူ​တို့​ရှေ့တွင် ဖြောင့်မတ်​ဟန်​ရှိ​ကြ​သော်လည်း အတွင်း​၌​ကား သူတော်ကောင်း​ယောင်ဆောင်​ခြင်း​နှင့် တရားမဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။