ရှင်မဿဲ 20:25-28
ရှင်မဿဲ 20:25-28 Judson Bible (JBMLE)
ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။- အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။- သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
ရှင်မဿဲ 20:25-28 Common Language Bible (BCL)
သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။- သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။- အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။- လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
ရှင်မဿဲ 20:25-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက်“လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။ သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်”ဟု မိန့်တော်မူ၏။