ရှင်မဿဲ 2:19-23
ရှင်မဿဲ 2:19-23 Judson Bible (JBMLE)
ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊- သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှာ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။- ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော်၊- ဟေရုဒ်မင်းကြီး၏အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊- ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။
ရှင်မဿဲ 2:19-23 Common Language Bible (BCL)
ဟေရုဒ်မင်းကွယ်လွန်ပြီးနောက်အီဂျစ်ပြည်တွင် ယောသပ်သည်ထာဝရဘုရား၏ကောင်းကင် တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။- ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။- ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်ကို ဆောင်ယူကာ ဣသရေလပြည်သို့ပြန်သွားလေ၏။ ယုဒပြည်တွင်အာခေလသည်ခမည်းတော်ဟေရုဒ် မင်း၏အရိုက်အရာကိုဆက်ခံစိုးစံလျက်နေ၏။ ထိုအကြောင်းကိုကြားသောအခါယောသပ်သည် ထိုပြည်သို့မသွားဝံ့တော့ချေ။ သူသည်အိပ်မက် တွင်ထာဝရဘုရား၏အမိန့်တော်ကိုခံယူရ သည့်အတိုင်းဂါလိလဲပြည်သို့သွား၍၊- နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။
ရှင်မဿဲ 2:19-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဟေရုဒ်မင်းကြီးအနိစ္စရောက်ပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် အီဂျစ်ပြည်၌ရှိသောယောသပ်အား အိပ်မက်တွင်ထင်ရှားကာ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။ ထိုအခါ ယောသပ်သည်ထ၍ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်ဆောင်ကာ အစ္စရေးပြည်သို့ ပြန်လာလေ၏။ သို့သော် အာခေလသည် ခမည်းတော်ဟေရုဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံလျက် ယုဒနယ်ကိုအုပ်ချုပ်နေကြောင်း ကြားရသောအခါ ထိုနယ်သို့သွားရန် ကြောက်ရွံ့လေ၏။ အိပ်မက်ထဲတွင်လည်း ဗျာဒိတ်တော်ရသဖြင့် ဂါလိလဲနယ်မြေဒေသသို့ ထွက်ခွာသွား၍ နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။