YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 2:19-23

ရှင်မဿဲခရစ်ဝင် 2:19-23 MSBU

ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် အီဂျစ်​ပြည်​၌​ရှိ​သော​ယောသပ်​အား အိပ်မက်​တွင်​ထင်ရှား​ကာ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​၍ အစ္စရေး​ပြည်​သို့​ပြန်​သွား​လော့။ အကြောင်းမူကား သူငယ်​တော်​၏​အသက်​ကို ရန်ရှာ​ခဲ့​သော​သူ​တို့​သည် သေဆုံး​ကြ​လေ​ပြီ”​ဟု မြွက်ဆို​၏။ ထိုအခါ ယောသပ်​သည်​ထ​၍ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်ဆောင်​ကာ အစ္စရေး​ပြည်​သို့ ပြန်လာ​လေ​၏။ သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍ နာဇရက်​ဟု​ခေါ်​သော​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏။ ဤသည်ကား “ကိုယ်တော်​သည် နာဇရက်​မြို့သား​ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​လိမ့်မည်”​ဟူ၍ ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

ရှင်မဿဲခရစ်ဝင် 2:19-23 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲခရစ်ဝင် 2:19-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။