YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 19:4-9

ရှင်မဿဲ 19:4-9 Judson Bible (JBMLE)

ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။- ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။- ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ထို​သို့​မှန်​လျှင် ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့်​ကွာ​စေ​ခြင်း​ငှာ မော​ရှေ​သည် အ​ဘယ်​ကြောင့် စီ​ရင်​သ​နည်း​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။- ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 19:4-9 Common Language Bible (BCL)

ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။- `ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။- သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။- သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။

ရှင်မဿဲ 19:4-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​က​လည်း“ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက် ‘ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖော်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သား​တစ်ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်မည်’ဟု မိန့်​တော်မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။ ဖာရိရှဲ​တို့​က “သို့ဖြစ်လျှင် ဖြတ်စာ​ကို​ပေး​၍ မယား​ကို​ကွာရှင်း​ရန် အဘယ်ကြောင့် မောရှေ​သည် ပညတ်​ခဲ့​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။ သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။