ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။- `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။- သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။ ဖာရိရှဲတို့က ``ထိုသို့ဖြစ်ပါမူအဘယ်ကြောင့် မယားကိုဖြတ်စာနှင့်ကွာရှင်းရန်မောရှေပညတ် ခဲ့ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။- သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။
မဿဲ 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 19:4-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ