ရှင်မဿဲ 18:1-10
ရှင်မဿဲ 18:1-10 Judson Bible (JBMLE)
ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊- သူငယ်တစ်ယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ ထားပြီးမှ၊- ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။- ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။- အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကို ဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။- သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်ဖက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။ သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။
ရှင်မဿဲ 18:1-10 Common Language Bible (BCL)
ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။- ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။- ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။- ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။ ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။- လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။ ``သင်၏ခြေသော်လည်းကောင်း၊ လက်သော်လည်း ကောင်းသင်၏ယုံကြည်ခြင်းကိုပျက်ပြယ်စေလျှင် ထိုခြေထိုလက်ကိုဖြတ်ပစ်လော့။ ထာဝရမီး ထဲသို့ခြေလက်အစုံနှင့်ကျရသည်ထက်ကိုယ် အင်္ဂါချို့တဲ့လျက်ထာဝရအသက်ရခြင်းက သာ၍ကောင်း၏။- သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြယ်စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ ငရဲမီး ထဲသို့မျက်စိအစုံနှင့်ကျရသည်ထက်မျက်စိ တစ်လုံးချို့တဲ့လျက် ထာဝရအသက်ကိုရခြင်း ကသာ၍ကောင်း၏။ ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။
ရှင်မဿဲ 18:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း”ဟု မေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ ရပ်စေပြီးလျှင် “သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ပြောင်းလဲ၍ ကလေးသူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။ ထို့ကြောင့် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးဖြစ်၏။ ဤသို့သောသူငယ်တစ်ယောက်ကို ငါ၏နာမ၌ လက်ခံသောသူသည်လည်း ငါ့ကိုလက်ခံ၏။ သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်၏ရေနက်ရာတွင် နှစ်မြှုပ်ခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ သင်၏လက်၊ သို့မဟုတ် သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ လက်နှစ်ဖက်၊ သို့မဟုတ် ခြေနှစ်ဖက်ပါလျက် ထာဝရမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။ ထို့ပြင် သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍ လွှင့်ပစ်လော့။ မျက်စိနှစ်လုံးပါလျက် ငရဲမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် မျက်စိတစ်လုံးနှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။