YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 17:14-21

ရှင်မဿဲ 17:14-21 Judson Bible (JBMLE)

လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊- အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။- တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ယေ​ရှု​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု လျှောက်​ကြ​သော်၊- သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။- သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 17:14-21 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊- ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ သူ သည်​ဝက်​ရူး​နာ​စွဲ​၍​မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့ ဖြစ်​စေ​မ​ကြာ​ခဏ​လဲ​ကျ​တတ်​ပါ​၏။- သူ့​အား​အ​ရှင်​၏​တ​ပည့်​များ​ထံ​သို့​ခေါ်​ဆောင်​ခဲ့ သော်​လည်း​သူ​တို့​သည်​ရော​ဂါ​ပျောက်​အောင်​မ​ကု နိုင်​ကြ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။- သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။ ထို​နောက်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​တစ် ကိုယ်​တည်း​ရှိ​တော်​မူ​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ``အ​ကျွန်ုပ်​တို့​သည်​ထို​နတ်​ကို​အ​ဘယ် ကြောင့်​နှင်​ထုတ်​၍​မ​ရ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။- (ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 17:14-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် လူထု​ပရိသတ်​ရှိ​ရာ​သို့​ရောက်လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​လာ​၍ ရှေ့​တော်​၌ ဒူးထောက်​ကာ “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။ သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူငယ်​ကို ငါ့​ထံ ဤ​နေရာ​သို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။ ထိုအခါ တပည့်​တော်​တို့​သည် သူတို့​ချည်း​သာ​ယေရှု​ထံသို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။ [သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်မူ​၏။