YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:1-36

ရှင်မဿဲ 14:1-36 Judson Bible (JBMLE)

ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊- ဤ​သူ​ကား ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု မိ​မိ​ငယ်​သား​တို့​အား ဆို၏။- အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က၊ အ​ရှင်​မင်း​ကြီး​သည် ထို​မိန်း​မ​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား​ဆို​လေ​ပြီ။- ယော​ဟန်​ကို​သတ်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း၊ လူ​အ​ပေါင်း​တို့၏​မျက်​နှာ​ကို ထောက်၍ မ​သတ်​ဝံ့​ဘဲ​နေ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ​သ​တည်း။ ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊- ငါ​သည် သင်​တောင်း​သ​မျှ​ကို ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် သူ၏​အ​မိ တိုက်​တွန်း​သည်​အ​တိုင်း၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ ပေး​တော်​မူ​ပါ​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊- လူ​ကို​စေ​လွှတ်၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​စေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ၊ သူ​သည်​လည်း မိ​မိ​အ​မိ​ထံ​သို့ ယူ​သွား၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း လာ၍ အ​လောင်း​ကို ဆောင်​သွား​သ​ဖြင့် သင်္ဂြိုဟ်​ပြီး​မှ၊ ယေ​ရှု​ထံ​တော်​သို့ သွား၍ ကြား​လျှောက်​ကြ၏။ ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လှေ​မူ​ကား အိုင်​အ​လယ်၌​ရှိ၍ လေ​မ​သင့်​သော​ကြောင့် လှိုင်း​တံ​ပိုး​လှုပ်​ရှား​ခြင်း​ကို ပြင်း​စွာ​ခံ​ရ၏။- ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင် ထိတ်​လန့်၍၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု ကြောက်​သော​စိတ်​နှင့် အော်​ဟစ်​ကြ၏။- ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။- လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။- လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။- လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။ ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့ ရောက်​ကြ၏။- ထို​အ​ရပ်​သား​တို့​သည် မျက်​နှာ​တော်​ကို မှတ်​မိ​လျှင်၊ ပတ်​ဝန်း​ကျင်​အ​ရပ် ရှိ​သ​မျှ​သို့ စေ​လွှတ်​သ​ဖြင့် လူ​နာ​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့၍၊- အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

ရှင်မဿဲ 14:1-36 Common Language Bible (BCL)

ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊- ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။ ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ယော​ဟန်​က ``သင်​သည် ညီ​ဖြစ်​သူ​၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု ဆို​ခဲ့​သော​ကြောင့်​ဖြစ်​၏။- ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။ ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။- သို့​ဖြစ်​၍​ဟေ​ရုဒ်​သည်​သူ​ငယ်​မ​နှစ်​သက်​ရာ ဆု​ကို​ပေး​မည်​ဟု​ကျိန်​ဆို​၍​က​တိ​ပြု​၏။ သူ​ငယ်​မ​သည်​လည်း​မိ​ခင်​၏​တိုက်​တွန်း​ချက် အ​ရ ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တွင်​တင်​၍​အ​ကျွန်ုပ်​အား​ဤ​နေ​ရာ တွင်​ပင်​ပေး​တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​၏။ ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။- သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ထောင်​ထဲ​တွင် ဖြတ်​စေ​ပြီး​လျှင်၊- လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။- ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို ယူ​ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု ထံ​သို့​သွား​၍​သ​တင်း​ပေး​ကြ​၏။ ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။- ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ထို​သူ​တို့​သွား​ကြ​ရန်​မ​လို​ပါ။ သင်​တို့​ပင်​လျှင်​သူ​တို့​အား​စား​စ​ရာ​ပေး​ကြ လော့'' ဟု​မိန်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ လျှင်၊ ကိုယ်​တော်​က ``ထို​မုန့်​နှင့်​ငါး​ကို​ငါ့​ထံ​သို့​ယူ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။- လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။- အ​မျိုး​သမီး​နှင့်​က​လေး​များ​မှ​အ​ပ​မုန့်​စား​သူ ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ​သ​တည်း။ ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။- လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။- တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။ မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။- ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။- သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။- လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း သို့​ကူး​ပြီး​နောက်​ဂင်​နေ​သ​ရက်​မြို့​တွင်​လှေ​ကို ဆိုက်​ကြ​၏။- ထို​မြို့​သား​တို့​သည်​ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​လူ​များ​စေ​လွှတ်​၍ ဖျား နာ​သူ​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။- ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။

ရှင်မဿဲ 14:1-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​တွင် နယ်စား​ဟေရုဒ်​သည် ယေရှု​၏​သတင်း​တော်​ကို​ကြား​၍ သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။ အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။ အဘယ်ကြောင့်​ဆိုသော် ယောဟန်​က “သင်​သည် ထို​အမျိုးသမီး​ကို သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ဟေရုဒ်​အား ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရုဒ်​သည် ယောဟန်​ကို​သတ်​လို​သော်လည်း လူထု​ကို​ကြောက်​လေ​၏။ အကြောင်းမူကား သူ​တို့​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏။ သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။ ထို့ကြောင့် ဟေရုဒ်​သည် သင်​တောင်း​သမျှ​ကို​ပေး​မည်​ဟု သူ့​အား ကတိ​သစ္စာ​ပြု​လေ​၏။ ထိုအခါ မိန်းကလေး​သည် မိခင်​၏​တိုက်တွန်း​ချက်​အရ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို ဤ​လင်ပန်း​ပေါ်​တင်​၍ ကျွန်မ​အား​ပေး​ပါ”​ဟု တောင်းဆို​လေ​၏။ မင်းကြီး​သည် စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ မိမိ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ ပေး​လိုက်​ရန် အမိန့်​ပေး​ကာ လူ​ကို​စေလွှတ်​ပြီး ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​စေ​၏။ ထို့နောက် ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​သော် သူ​သည် မိမိ​၏​မိခင်​ထံသို့ ယူဆောင်​သွား​လေ​၏။ ထိုအခါ ယောဟန်​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် သူ့​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။ ထို့နောက် ယေရှု​ထံ​လာ​၍ ကြားလျှောက်​ကြ​၏။ ယေရှု​သည် ထို​သတင်း​ကို​ကြား​သောအခါ ထို​အရပ်​မှ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ လှေ​ဖြင့် တစ်ကိုယ်တည်း​ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် ကြားသိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်းကြောင်း​ဖြင့်​လိုက်​ကြ​၏။ ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူထု​ပရိသတ်​တို့​သည် ကျေးရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စားစရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ယေရှု​က“သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​တွင် ဤ​နေရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“၎င်း​တို့​ကို ငါ့​ထံ ဤ​နေရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူထု​ပရိသတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အမိန့်​ပေး​တော်မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို​ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါးထောင်​ခန့်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထိုစဉ် လှေ​သည် ကမ်း​မှ​အတော်​ဝေးကွာ​နေ​ပြီး လေ​ဆန်​ဖြစ်​သောကြောင့် လှိုင်း​များ​၏​ရိုက်ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။ မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ “တစ္ဆေ”​ဟု အလန့်တကြား​အော်ဟစ်​ကြ​၏။ သို့သော် ယေရှု​က“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်တော်​ထံသို့ ရေ​ပေါ်မှာ​လျှောက်လာ​ရ​မည့်​အကြောင်း အကျွန်ုပ်​ကို အမိန့်​ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။ သို့သော် ပြင်းထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေနစ်​စ​ပြု​သည်​နှင့် “သခင်​ဘုရား၊ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။ ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် လှေ​ပေါ်သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။ ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။ ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​ကြ​၏။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​သည် ကိုယ်တော်​ကို​မှတ်မိ​ကြ​သဖြင့် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ လူ​ကို​စေလွှတ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီးလျှင် သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။