ရှင်မဿဲ 14:1-12
ရှင်မဿဲ 14:1-12 Judson Bible (JBMLE)
ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။- အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။- ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။ ထိုနောက်မှ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊- ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။- ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။- မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်စေ၏။- ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။
ရှင်မဿဲ 14:1-12 Common Language Bible (BCL)
ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊- ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။ ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။- အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။- ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။ ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။- သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။ သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။ ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။- သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊- လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။- ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
ရှင်မဿဲ 14:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍ သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။ အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။ ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။ သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။ ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။ ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။ မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ လူကိုစေလွှတ်ပြီး ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်စေ၏။ ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။ ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။