ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊- ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။ ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။- အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။- ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။ ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။- သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။ သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။ ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။- သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊- လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။- ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
မဿဲ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 14:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို